Part 21 (Uni + Zawgyi)

1.3K 138 19
                                    

Unicode Version

"ညီမ ဝတ်ရည်ကိုကြိုက်လား?"

အစက အပြန်အလှန်ဆွေးနွေးသံများဖြင့်

အတန်ငယ်ဆူညံနေသော Meeting Room သည်

တစ်ခဏချင်းမှာပင် အပ်ကျသံမျှမကြားရအောင်

တိတ်ဆိတ်သွားလေသည်။

မှူးသည်လည်း မထင်မှတ်သောအချိန်တွင်

အရှိုက်ကိုထိုးနှက်ခံရသော လက်ဝှေ့သမားပမာ

အသက်ရှူပင် ခေတ္တရပ်သွားသလို

မရှုနိုင်မကယ်နိုင်ဖြစ်သွားရသည်။

သို့ပေမယ့် ခဏလေးပါပဲ။

မမေးခင်ကပင် အဖြေရှိရမည်ဆိုသကဲ့သို့

ကုမ္ပဏီအများစု၏ ဝန်ထမ်းချင်းမတွဲရ။

သဘောမကျရ။

စုံတွဲများ၊ လင်မယားများသည်ပင်

ရုံးတူလျှင် ဌာနမတူအောင်ထားတတ်သော

ပေါ်လစီကို သတိရမိသော မှူးသည်

"မကြိုက်ပါဘူး အစ်ကို"

ထိုအဖြေကို ဖြေလိုက်ချိန်မှာ

မှူးလေသံသည် စိုးစဉ်းမျှပင်

တုန်လှုပ်နေခြင်းမရှိ။

ပုံမှန်လေသံဖြင့်သာ တည်ငြိမ်စွာဖြေလိုက်ခြင်းဖြစ်သည်။

သို့တိုင်အောင် .

"ဟုတ်လား? သေချာလို့လား? ညီမ"

ကိုမိုက်ကယ်၏ ထပ်မံထွက်လာသောအမေးသံ။

မှူးခမျာလည်း လည်ချောင်းများပင်

ခြောက်ကပ်လာသလိုခံစားရသည်။

BOD ကြီးက ဘာသဘောဖြင့်မေးသလဲဆိုတာ

မှူးမသိ။

ဒီအတိုင်း သိလိုသဖြင့်

သဘောရိုးဖြင့် မေးသည်လား?

ဒါမှမဟုတ် တစ်စုံတစ်ခုအတွက်

သတိပေးလို၍များလား?

မသိတတ်နိုင်။

"သေချာပါတယ် အစ်ကို

ညီမက မဝတ်ရည်ကိုဘာလို့ကြိုက်ရမှာလဲ?

My HellWhere stories live. Discover now