Part 18 (Uni+Zawgyi)

1.7K 132 25
                                    

Unicode Version

ရုံးဖွင့်ရက်။
Hyper Goal Meeting Room
ဒီ​နေ့က Weekly Meeting ရှိတဲ့​နေ့မို့
အားလုံးMeeting ခန်းထဲ​ရောက်​နေကြသည်။

ဌာနအလိုက် Project ​တွေရဲ့
တစ်ပတ်စာ Summary Report ​တွေ၊
တစ်​ယောက်ချင်းစီရဲ့ report ​တွေကို
Presentation လုပ်ပြီးသည့်အချိန်အထိ
​ဒေါ်ဝတ်ရည်တစ်​ယောက်​ပေါ်မလာ​သေးပါ။
အများ​ရှေ့မှာမို့ ဟန်မပျက်​နေရ​သော်လည်း
စိတ်ထဲမှာ​တော့

"ဘာလို့များ​နောက်ကျ​နေတာလဲ?
​နေများမ​ကောင်းလို့လား?"
စသည့်အ​တွေးတို့က ​နေရာယူကာ
ဟန်မပျက်​နေနိုင်ဖို့
မနည်းကြိုးစားထိန်းထားရသည့်အဖြစ်။

ထိုစဥ်မှာပဲ ကိုမိုက်ကယ်က

"ဝတ်ရည်​​ရော?" ဟု​မေးလာသည်။

ဒီ​တော့ localization supervisor ဖြစ်တဲ့
​ရွှေစင်က ​ခေါင်းကိုယမ်းပြသည်။

"မသိဘူး အစ်ကို
ညီမတို့ကိုလည်း ဘာမှမ​ပြောထားဘူး"

"ကျွတ်စ်"

ကိုမိုက်ကယ်ထံမှ စုပ်သပ်လိုက်သံ။
​သူက ​ခေါင်းကိုပါတွင်တွင်ခါယမ်းရင်း

"ဒီ​နေ့ weekly meeting ရှိတယ်​လေကွာ
Meeting ရှိတဲ့ရက်ကို
ဒီလို​နောက်ကျ​နေလို့ ဘယ်ဖြစ်မလဲ?"

ကိုမိုက်ကယ့်အသံက နည်းနည်း​ဒေါသသံ
ပါလာတာ​ကြောင့် မှူးရင်ထဲမှာတစ်ချက်
ထိတ်ခနဲဖြစ်သွားရသည်။
BOD မကလို့ ဘယ်လိုလူကြီးပဲဖြစ်ပါ​စေ။
သူမကိုဆူပူမာန်မဲ​နေမှာ၊
အဲဒီလို ဆူပူ​နေတာကိုသူမ​ခေါင်းငုံ့ခံ​နေရမှာ
မှူးလုံးဝမလိုလားပါ။

"ဆက် ဆက်
ဖိုးခွား၊ အခုဝတ်ရည်ဆီဆက်စမ်း"

ကိုမိုက်ကယ်ရဲ့​စေခိုင်းသံအဆုံးမှာ
ဖိုးခွားကလည်း ကမမ်းကတမ်းပင်

"ဟုတ် .. ဟုတ်" ဆိုကာ
ဖုန်းဆက်ဖို့ပြင်သည်။

"🎶🎶🎶🎶"

အဲဒီအချိန်မှာ ထမြည်လာတာက
​ရွှေစင်ရဲ့ဖုန်းပါ။

"မဝတ်ရည်​ခေါ်တာ"

​ပြော​ပြောဆိုဆို ​ရွှေစင်ကဖုန်းကို
အများမြင်​အောင်ပါ​ထောင်ပြပြီး
ဖုန်းကိုင်လိုက်သည်။

My HellWhere stories live. Discover now