💚 ၁ 💚

3.8K 193 8
                                    

Unicode

' မင်းသေချာတယ်နော် Jaemin '

' sure Jeno ! Na Jaeminဆိုတဲ့ ငါ့အကြောင်း မင်းသိပါတယ် '

ကိုယ်စီအပြိုင်အဆ်ိုင် ကိုယ်ပိုင်ပြိုင်ကားတစ်စီးစီပေါ်တက်ကာ ဂီယာကိုအသင့်ထိုးကာ စက်နှိုးရင်း စိမ်ခေါ်နေတဲ့ ကောင်လေးနှစ်ယောက် ။

သူစိမ်းတွေဆိုလားဆိုတော့ မဟုတ်ပြန်ပါ ။

သက်တူရွယ်တူ တူဝရီးတွေ တော်သောငြား ပြောမနာဆိုမနာ သူငယ်ချင်းသာသာ ပေါင်းသင်းကြသည့် Jaeminနဲ့Jenoရဲ့ ဆက်ဆံရေးက နွေးထွေးလွန်းသည် ။

' ဒါဆ်ို စမယ် Jaemin ! Readyနော် '

' Ok ! Ready '

' Let's Go '

နှစ်ယောက်သားအပြိုင် စတီယာရင်အား လှည့်ကာ ကျောင်းဝင်လမ်းတစ်လျှောက် ကားပြိုင်ပွဲလေး ကျင်းပနေကြခြင်းသာ ။

မကျဉ်းသော်ငြား မကျယ်တဲ့ ကျောင်းလမ်းတွေက ကားနှစ်စီးစာတော့ အသာလေးဝင်လို့ရသည်က တစ်ကြောင်း ။

Na Jaeminကားကိုမြင်ရင် လူမပြောနဲ့ ခွေးတောင် အရှေ့က ဖြတ်မပြေးရဲတာမို့ စိတ်တိုင်းကျ မောင်းနှင်၍ရနေခြင်းသာ ။

* RenMin *

Neo Universityကို ပထမဆုံးခြေချတဲ့နေ့မို့ Injunတစ်ယောက် ရင်တွေခုန်နေမိသည် ။

တရုတ်နိုင်ငံဖွား တရုတ်လူမျိူးလေး တစ်ယောက်ဖြစ်တဲ့ Injunအဖို့ ကိုရီးယားနိုင်ငံဟာ အလွန်တရာမှ စိမ်းသက်လွန်းလှသည် ။

ကိုရီးယားဘာသာစကားကို ကျွမ်းကျွမ်းကျင်ကျင်တတ်တဲ့ Injunအဖို့ ဘာသာစကားက ပြဿနာမဟုတ်ပေမဲ့ နေထိုင်ရာပတ်ဝန်းကျင်ကတော့ အမိမြေမဟုတ်တာမို့ အခက်ခဲအနည်းငယ်တော့ ရှိသည် ။

တက်ရောက်ရမည့် အဆောင်သို့ သွားရာလမ်းတစ်လျှောက် အတွဲကိုယ်စီနဲ့ ကျောင်းသူ ကျောင်းသားတွေသာမက ခုံတန်းတွေပေါ်ထိုင်ကာ စာလေ့လာနေတဲ့ ကျောင်းသားကျောင်းသူအချိူ့ လုပ်လက်စ အလုပ်တွေကိုသာ အာရုံထားလုပ်ကိုင်နေကြရင်း ရုတ်တရက် ထကာဖယ်ရှောင်သွားတာမို့ Injunတစ်ယောက် ကြောင်တောင်တောင်ဖြင့်သာ လိုက်လံကြည့်ရှုနေဖြစ်သည် ။

မျိူးရိုးကအထက်တန်းစား {မ်ိဴးရိုးကအထက္တန္းစား}Место, где живут истории. Откройте их для себя