💚၁၆💚

1K 106 9
                                    

Unicode

' Injun '

နေမြင့်သည်အထိ အိပ်ယာကမထသေးပဲ အိပ်ပျော်နေတာ မဟုတ်ပါပဲနှင့် အိပ်ချင်ယောင်ဆောင်နေသည့် Injunအား ခါးမှသိမ်းဖက်ကာ ရင်ခွင်ထဲ သွတ်သွင်းပြီး ရှင်းသန့်ဝင်းမွတ်နေသည့် ပါးမို့လေးနား Jaeminပါးချင်းအပ်၍ ထိခတ်လိုက်သည် ။

' Injun '

ခပ်တိုးတိုးခေါ်ပြီး ညာဘက်ပါးမို့လေးအတွင်း နှုတ်ခမ်းပါးလေး တိုးဝင်ကာ အသံမြည်အောင် နမ်းရှိုက်သော်လည်း မျက်လုံးတို့က ပွင့်မလာခဲ့ ။

* မွ *

မျက်ရည် နှပ်တွေ ရောပြွန်းနေသည့် အနှီကြောင်ချီးရုပ်လေးက အဲ့လောက်အထိ မွှေးတာလား ။

တွေးရင်း နှုတ်ခမ်းကိုကိုက်ကာ Jaeminပြုံးဖြစ်သည် ။

' Injun ကိုယ့်ကိုစိတ်ဆိုးနေတာလား '

ခပ်တိုးတိုးမေးလိုက်ပေမဲ့ အဖြေဟာထွက်မလာ ။

' ကိုယ်တောင်းပန်ပါတယ်ကွာ '

ပိုတိုးကာ ဖက်တွယ်လိုက်ရင်း သေးညှက်သည့် ခန္ဓာကိုယ်လေးအား ခွခေါင်းအုံးသဖွယ် ခြေနှစ်ချောင်းကြား ညှပ်လို့ထားလိုက်သည် ။

အဖြူရောင်ကော်လံအောက်က ကျော့ရှင်းတဲ့လည်တိုင်သို့ နှုတ်ခမ်းလေးတိုး၍ ဖိကပ်ကာ တရှိုက်မတ်မတ်နမ်းရှိုက်လိုက်တော့ ကိုယ်လေးတစ်ချက်တွန့်သည် ။

' မင်းအိပ်နေတာမဟုတ်မှန်း ကိုယ်သိတယ် Injun ၊ အဲ့လိုဘာမှမပြောပဲ အပြစ်ပေးတာထက် မင်းစိတ်ကြိုက် ကိုယ့်ကိုထုနှက်လိုက်ပါလားကွာ
နော် '

လေပြေသွေးကာ ချော့မြူရင်း Injunခေါင်းပေါ်မှ အုပ်မိုးကာ မျက်နှာလေးအား ခိုးကြည့်မိတော့ လှုပ်စိလှုပ်စိ မျက်လွှာလေးမှာ မျက်ရည်စတွေ ခိုတွဲလို့နေသည် ။

တုန်ရီနေတဲ့ နှုတ်ခမ်းပါးလေးနှင့်အတူ ဝမ်းနည်းမှုကို မြိုချနေသည့် လည်ချောင်းတွေကလည်း မသိမသာလှုပ်ခတ်နေသည်မို့ မျက်နှာနား ခေါင်းကိုတိုးကပ်ကာ နှာခေါင်းလုံးလုံးလေးကို ရှေ့သွားလေးဖြင့် ခပ်ဖွဖွကိုက်လိုက်တော့ မျက်ဝန်းအိမ်ဖျားက မျက်ရည်ကြည်တစ်ပေါက်က  ပါးပြင်ထက်ဆီ ခုန်ကာချလာသည် ။

မျိူးရိုးကအထက်တန်းစား {မ်ိဴးရိုးကအထက္တန္းစား}Donde viven las historias. Descúbrelo ahora