💚 ၉ 💚

1K 131 7
                                    

[Unicode]

မြင့်မားရှည်လျားတဲ့ လှေကားထစ်တွေအတိုင်း နင်းဖြတ်ကျော်ရင်း အပေါ်သို့တက်ခဲ့ပြီး Jaeminအခန်းရှေ့မတ်တပ်ရပ်ကာ တံခါးလက်ကိုင်ဘုအားလှည့်ကာဝင်လိုက်တော့ ။

ကုတင်ပေါ်မှာ ပက်လက်အနေအထားနဲ့ လဲလျောင်းနေတဲ့ Jaemin ။

လက်နဲ့ခြေထောက်မှာ ခတ်ထားသည့် လက်ထိပ်တို့ကြောင့် ဖြူနုတဲ့အသားအရည်က ရဲတွက်နေသည် ။

' Jaemin '

အနားသို့တိုးကပ်ကာ အံ့သြခြင်းများစွာနဲ့ ခေါ်လိုက်တော့ မှိတ်ထားသည့် မျက်ဝန်းတွေ ပွင့်လာသည် ။

' Injun မင်း ဘယ်လိုလုပ်ပြီး ဒီရောက်နေတာလဲ '

' Jaehyun သူ့ကိုလက်ထိပ်တွေဖြုတ်ပေးလိုက် '

တိကျပြတ်သားသည့် အသံရဲ့အမိန့်အဆုံး Jaehyun Hyungက လက်ထိပ်တွေ ထ၍ဖြုတ်ပေးသည် ။

' မင်းဘယ်လိုရောက်လာတာလဲ Injun '

Jaeminအမေးကိုမဖြေပဲ တံခါးပိတ်သံသဲ့သဲ့ကိုသာ နားစွင့်လိုက်သည် ။

' Huang In Jun '

' ငါမင်းကိုဖုန်းဆက်ခဲ့တယ် Jaemin '

' ငါသိတယ် မင်းဖြစ်မယ်မှန်း '

' မင်းအရမ်းနာကျင်နေမှာပဲနော် '

လက်ကောက်ဝတ်က အနီရောင် အရာတွေအား ကိုင်ရင်း ကျနော်ပြောတော့ Jaeminက နာနာကျင်ကျင်ပြုံးသည် ။

' ဒါ ငါ့အဖေ ငါ့ကိုပေးနေကျ အပြစ်ဒဏ်ပဲလေ '

' သမ္မတကြီးက မင်းကိုချစ်ပါတယ် Jaemin '

' အချစ် မင်းယုံကြည်လို့လား Injun ၊ ငါကတော့ ငါ့အဖေ ငါ့ကိုချစ်တယ်ဆိုတာ ဘယ်တုန်းကမှ မယုံကြည်ဘူး '

' ငါသူ့ကိုတောင်းပန်ခဲ့တယ် Jaemin '

' ဘာအတွက်လဲ ၊ ဘာအတွက် မင်းကတောင်းပန်တာလဲ Huang In Jun '

' မင်းအတွက် ၊ ငါ့ကြောင့် မင်းဒီလိုဖြစ်ရတာလေ Jaemin '

' မင်းကိုငါကတာဝန်ယူပါလို့ ပြောခဲ့လို့လား Huang In Jun ၊ ငါယောက်ျား ငါလုပ်ရင် ငါခံရဲတယ် ၊ ဘယ်သူ့ရဲ့တောင်းပန်တိုးလျှိုးမှုမှ မလိုဘူး '

မျိူးရိုးကအထက်တန်းစား {မ်ိဴးရိုးကအထက္တန္းစား}حيث تعيش القصص. اكتشف الآن