💚၁၇💚

946 107 9
                                    

Unicode..

Don't need your love……

အချိန်အတော်ကြာမြည်နေပေမဲ့ ကိုင်မယ့်သူမရှိတဲ့ ဖုန်းလေးက စားပွဲပေါ်မှာ တုန်ရီစွာ ။

' Gege ဖုန်းလာနေတယ် '

ရေချိုးခန်းထဲကနေ Chenleအော်လိုက်ပေမဲ့ တုံ့ပြန်သံဟာမရှိ ။

ကိုယ်ပေါ်က ဆပ်ပြာမြှုပ်တွေအား ကပြာကယာ ဆေးချကာ Towelကိုပတ်ပြီး အပြင်ထွက်ခဲ့တော့ Gegeရှိမနေ ။

မြည်နေသည့် ဖုန်းလေးကို Chenleကောက်ကိုင်ကာ နားထောင်လိုက်ပြီး…

' Hello '

' Chenle ၊ Injunရော '

' မသိဘူး Hyung ၊ ကျနော် ရေချိုးပြီးထွက်လာတော့ မရှိတော့ဘူး '

' အဲ့ဒါဘာလုပ်နေတာလဲ Chenle ၊ မရှာပဲနဲ့ ၊ အခုအချိန်မှာ Injunစိတ်က အရမ်းကိုဖိစီးနေတာ ၊ သူတစ်ခုခု မလုပ်နိုင်ဘူးလို့ ပြောလို့မရဘူး '

' ဘယ်လိုလုပ်မလဲ Hyung ၊ Gege ခါးက သက်သာသေးတာမဟုတ်ဘူး '

' ငါJisungကို ဖုန်းဆက်လိုက်မယ် Chenle ၊ မင်းပြင်ဆင်ထားလိုက် ၊ Jisungလာရင် သူသွားတတ်တဲ့နေရာတွေ မင်းတို့လိုက်ရှာ ၊ ငါလည်း အခု လိုက်ရှာလိုက်မယ် '

' ဟုတ် Hyung '

Sundayမို့ တိတ်ဆိတ်နေတဲ့ လမ်းမကြီးက နှင်းစက်တွေတင်နေသည့် အပင်လေးများနှင့် လှပလို့နေသည် ။

အသွားအလာမရှိပဲ ငြိမ်သက်နေတဲ့ လမ်းမထက် ဖြေးညှင်းစွာ Injunလျှောက်ရင်း ခုံတန်းမှာ ထိုင်ကာ တစ်ထောက်နားဖြစ်သည် ။

နှင်းစက်လေးတွေနဲ့ စိုစွတ်နေသည့် ခုံတန်းလေးက အထီးကျန်မှုတွေနဲ့ လွမ်းမောဖွယ်ရာ ။

ခေါင်းလေးမော့ကာ ကြည့်လိုက်တော့ မျက်နှာပေါ်သို့ နှင်းစက်လေးတစ်စက် ကြွေကျလာသည် ။

အေးလိုက်တာ Jaemin ။

လက်ကလေးနှင့်ယူကာ ဖယ်ရှားလိုက်စဉ် ပေါ်လာသည့် အပြုံးနှင့်မျက်နှာလေးကြောင့် Injunမျက်ရည်လဲ့တဲ့ မျက်လုံးတွေနဲ့ မော့ကြည့်လိုက်သည် ။

' Jaemin '

ပန်းနုရောင်ဆံပင်လေးတွေနဲ့ ပနံရနေသည့် ချယ်ရီရောင် နှုတ်ခမ်းလေးထက်က အပြုံးလေးတွေက တောက်ပလိုက်တာ ။

မျိူးရိုးကအထက်တန်းစား {မ်ိဴးရိုးကအထက္တန္းစား}Unde poveștirile trăiesc. Descoperă acum