💚၂💚

1.5K 151 1
                                    

Unicode

' Junnie အစားရောပုံမှန်စားရဲ့လား '

ပါးပါးအမေးကြောင့် Injunပို၍ငိုချင်လာသည် ။

ပါးပါးအိမ်နဲ့ဝေးရာအရပ်မှာ နေကြည့်မှ ပါးပါးကျေးဇူးတွေကို ပိုပြီးသိလာခဲ့တာ ။

ကိုယ့်အိမ် ကိုယ့်ယာမှာ ကိုယ်ကဗိုလ်ဆိုပေမဲ့ တနယ်တရပ်တကြေးမှာတော့ ရှိသမျှ လူတိုင်းနဲ့တည့်အောင် နေရတာ ။

' Junnieပါးပါးမေးနေတယ်လေ '

' ပြေ ပြေပါတယ် ပါးပါး '

' အသံကတစ်မျိူးပဲ ။ ဘာဖြစ်နေတာလဲ '

' ဘာမှမဖြစ်ပါဘူး '

မျက်ဝန်းအိမ်မှတစ်ဆင့် နှာခေါင်းထက်ဆီသို့ စီးဆင်းကာ နှာထိပ်ဖျားမှာ တွဲလျားခိုနေသည့် မျက်ရည်တို့အား လက်ခုံဖြင့် ပွတ်သုတ်ကာ ပြန်ဖြေလိုက်သည့် ကျနော့်အဖြေကြောင့် ပါးပါး ဆက်မမေးတော့ ။

ဂရုစိုက်ဖို့မှာကာ ဖုန်းကိုချသွားပြီ ။

' အိုးး Ge Geက အိမ်လွမ်းလေးပဲ '

စနောက်မှုနှင့်အတူ လွယ်ထားသည့် အိတ်အား ချွတ်ကာ ကုတင်ပေါ်ထိုင်ရင်း ပြောလာသည့် Chenle ။

' မင်းဒီနေ့ပြန်လာတာစောသားပဲ '

' ညပိုင်းအတန်းချိန်မရှိဘူးလေ '

ခပ်အေးအေးပြောကာ အကျီင်္တွေချွတ်၍ ရေချိူးခန်းထဲသို့ ဝင်သွားလေပြီ ။

သိပ်ရင်းနှီးတာ မကြာသေးပေမဲ့ Roommateဖြစ်တဲ့ Chenleက ကျနော့်လို့ တရုတ်လူမျိူးဖြစ်၍ တော်သေးသည် ။

ဘာသာစကားလည်းတူ အယူအဆလည်းတူတော့ ပေါင်းလို့သင်းလို့ရသည်လေ ။

' Gegeအိပ်ပြီလား '

' ဟင့်အင်း '

ညမီးအိမ်လေးနှင့် စာအုပ်တို့ ဟိုတစ်အုပ် သည်တစ်အုပ် တည်ရှိနေသည့် စားပွဲလေးသာ ခြားနားထားသည့် ကုတင်လေးနှစ်လုံးထက် ပက်လက်လှန်ရင်း ကျနော်နှင့်Chenle စကားစမြည်ပြောဖြစ်သည် ။

' Gegeအချစ်ဆိုတာကို ဘယ်လိုမြင်လဲ '

Chenleရဲ့အမေးအဆုံး ဖြတ်ခနဲပေါ်လာသည့် မျက်နှာလေးကြောင့် Injunနှုတ်ခမ်းပါးလေး ခပ်ယောင်ယောင် လှုပ်ခတ်သွားသည် ။

မျိူးရိုးကအထက်တန်းစား {မ်ိဴးရိုးကအထက္တန္းစား}Kde žijí příběhy. Začni objevovat