💚၂၅💚

694 83 3
                                    

Unicode

' မင်းတို့ဘာလုပ်နေကြတာလဲ '

ရုတ်တရက်ထွက်လာတဲ့ Jenoအသံကြောင့် စောင်ခြုံကြားထဲက Jaewon ထိတ်လန့်စွာ မော့ကြည့်လို့နေတာမို့ သူရှေ့မှကွယ်ရပ်ကာ Jenoလက်အားလှမ်းဆွဲလိုက်သည် ။

' မင်းဘယ်လိုလုပ်ပြန်ရောက်လာတာလဲ Jeno '

' Injunဖယ် '

ဘေးကိုတွန်းပို့ကာ Jaewonကို ဝါးစားမတတ်စိုက်ကြည့်နေတဲ့ Jeno ။

' မင်းကဘာလဲ '

Jaewonအကျီင်္စမှ ကိုင်မကာ Jenoမေးလိုက်တာမို့ သူအလျင်အမြန် ပြေးဆွဲလိုက်သည် ။

' Jenoမလုပ်နဲ့ '

' မင်းဝင်မပြောနဲ့ Injun '

' မင်းကဘာကောင်လဲ ၊ ဘယ်အဆင့်နဲ့ Jaeminအိမ်ပေါ်အထိ ရောက်နေရတာလဲ '

' ကျ ကျနော် '

' ဘယ်သူ့ခွင့်ပြုချက်နဲ့ ငါ့တူအကျီင်္တွေပါ ယူဝတ်ထားတာလဲ ၊ အဲ့လိုဝတ်လိုက်တာနဲ့ပဲ မင်းကJaeminဖြစ်သွားရောလား '

' ငါခွင့်ပြုထားတာJeno '

' မင်းကရော ရူးနေလား Injun ၊ ဒါ Na Jaeminမဟုတ်ပါဘူးလို့ မင်းကိုဘယ်နှစ်ခါပြောရမလဲ '

' Injunကို မပြောပါနဲ့ ၊ တကယ်လို့ အကိုမကျေနပ်ရင် ကျနော့်ကိုပဲ ထိုးလိုက်ပါ '

' ထိုးတယ်ကွာ '

' Jenoမလုပ်နဲ့ '

' ကြာကူလီကောင် ၊ Jaeminပေါ်စွဲလမ်းနေတဲ့ Injunစိတ်ကို အခွင့်ကောင်းယူပြီး ခွေးကျင့်ခွေးကြံ ကြံနေတာ '

' Jenoမင်းစကားတွေ သိပ်လွန်လွန်းနေပြီ '

' ဒီထက်မကတောင်ပြောချင်သေးတာ '

ဒေါသတွေထောင်းထောင်းထနေတဲ့ Jenoလက်ထဲမှ Jaewonအားဆွဲထူကာ နှုတ်ခမ်းထောင့်ကစီးကျလာသည့် သွေးစတို့အား ဖြည်းညှင်းစွာ သူသုတ်ပေးလိုက်သည် ။

' Jaeမင်းကိုယ်တွေပူနေသေးတယ် '

' ကျနော် အဆင်ပြေပါတယ် '

' ဘာကိုပြေရမှာလဲ ၊ ခဏလေး ငါဆေးယူပေးမယ်  ၊ ဒါမှမဟုတ် ဆေးခန်းသွားမလား '

' နေပါစေ Injun ၊ ကျနော်တကယ် အဆင်ပြေပါတယ် '

' ပြေတယ်ဆိုလည်း လာရာလမ်းအတိုင်း ပြန်ကြွတော့ '

မျိူးရိုးကအထက်တန်းစား {မ်ိဴးရိုးကအထက္တန္းစား}Where stories live. Discover now