💚၂၉💚

744 85 5
                                    

Unicode

" Jaeminရေချိုးပြီးပြီလား "

မေးနေပေမယ့် အဖြေက ပြန်မလာတာမို့ အိပ်ခန်းဆီသို့ သူလျှောက်လာခဲ့လိုက်သည် ။

'' မဟုတ်ဘူး ဒယ်ဒီ ''

အခန်းထဲကိုသူဝင်လာတော့ ပြတင်းပေါက်နားမှာရပ်ကာ Jaeminဖုန်းပြောနေသည် ။

ညဝတ်အကျီင်္တောင် လဲပြီးနေပြီပဲ ။

'' ဒယ်ဒီ မယုံရင် Injunကိုမေးကြည့်ပါလား ''

လက်ကိုအတင်းလှမ်းဆွဲကာ ဖုန်းကိုလက်ထဲထိုးထည့်ပေးနေသည်မို့ နားနားကပ်ကာ သူနားထောင်လိုက်သည် ။

'' ဟယ်လို အန်ကယ် ''

'' သူတကယ်ကောင်းနေပြီဆိုတာ ဟုတ်လား သား ''

အန်ကယ်အမေးအားမဖြေခင် Jaeminကိုသူမော့ကြည့်လိုက်တော့ ခေါင်းညိတ်ပြနေသည် ။

'' ဟုတ်ကဲ့ အန်ကယ် ''

'' အဲ့ကောင်လေးက အမြဲတမ်းတဇွတ်ထိုးပဲ ''

'' ကျွန်တော်တားတယ် အန်ကယ် ဒါပေမဲ့ ''

ခါးနားကိုရစ်သိုင်းကာ နောက်ကနေ အတင်းဖက်နေတဲ့ Jaeminကြောင့် ဟိုနေရာက ယားသလိုလို ဒီနေရာယားယားသလိုလို ဖြစ်လို့နေတာမို့ စကားတွေတောင် မေ့လျော့ကုန်ပြီ ။

'' သိတယ် သူ့အကြောင်းကို ၊ လုပ်ချင်မိရင် ဇွတ် ''

'' ဟုတ်တယ် အန်ကယ် ၊ သူကတကယ် ဇွတ်တရွတ် ''

လည်တိုင်ကို ခပ်ဖွဖွနမ်းနေသည့် Jaeminအား ရည်ညွှန်းကာ သူထောက်ခံလိုက်သည် ။

'' အသံတွေဘာလို့တုန်နေတာလဲ Injun ''

'' အ ''

'' ဘာဖြစ်လို့လဲ ''

'' ဘာ ဘာမှမဖြစ်ပါဘူး အန်ကယ် ၊ ပုရွတ်ဆိတ်ကိုက်လို့ ''

'' ဖြစ်ရမယ် ဒီကလေးတွေကတော့ ၊ ဒါဆိုလည်း Jaeminကို သေချာနားခိုင်းလိုက်အုန်း ၊ မနက်ကျရင် အန်ကယ့်ဆီလာခဲ့ကြ ''

'' ဟုတ်ကဲ့ အန်ကယ် ''

'' အေး အေး ''

ဖုန်းချသွားမှ Jaeminလက်တွေကို တွန်းကန်ရင်း ရန်တွေ့ဖို့ သူအားယူလိုက်သည် ။

မျိူးရိုးကအထက်တန်းစား {မ်ိဴးရိုးကအထက္တန္းစား}Où les histoires vivent. Découvrez maintenant