💚 ၁၃ 💚

1.1K 107 3
                                    

[Unicode]

တဟူးဟူးတိုက်နေတဲ့ လေအလျင်ကို မျက်နှာမူပြီး သောင်ပြင်ပေါ်ကနေ ရေစပ်ကိုပြေးဆင်းလိုက် ပြန်တက်လာလိုက်နှင့် ဆော့နေသည့် Injunကို သဘောကျစွာ Jaeminငေးကြည့်နေမိသည် ။

' Jaemin မင်းရောလာလေ '

လက်ကလေးယမ်းခါ လှမ်းခေါ်နေသည့် Injunအား သူခေါင်းခါပြလိုက်ပြီး လက်ကာပြလိုက်သည် ။

' မင်းပဲဆော့ပါ '

' လာပါကွာ တစ်ယောက်တည်းဆော့ရတာ ပျင်းဖို့ကောင်းတယ် '

အနားသို့ပြေးလာပြီး လက်ကိုဆွဲကာ Injunခေါ်ရာနောက် Jaeminမလှုပ်မယှက် ပါလာခဲ့လေပြီ ။

' ဟေ့ကောင် ဘာလုပ်တာလဲ '

ရေနဲ့လှမ်းပက်ပြီးရယ်နေသည့် Injunအား သူမေးလေတော့ Injunက ထပ်မံပြီး ပက်လေသည် ။

' ဟာ Injun '

' မင်းမှမဆော့တာ ၊ ရေစိုမှမင်းဆော့မှာလေ '

' Injun '

အသံမြှင့်ကာ သူခေါ်တော့ Injunလှည့်ကြည့်သည် ။

' လှေစီးချင်လား '

' ဘယ်မှာလဲလှေ ရှိလည်းမရှိပဲနဲ့ '

' စီးချင်လား မစီးချင်ဘူးလား ဒါပဲဖြေ '

' အင်း စီးမယ် '

Injunခေါင်းညိတ်လိုက်သည်နှင့် Jaeminညာဘက်လက်အား မြှောက်ကာ လက်ဖျစ်တစ်ချက်တီးခတ်လိုက်သည် ။

' နောက်လှည့်ကြည့်လိုက် Injun '

ဟုတ်ရင်ဟုတ် မဟုတ်ရင်လုပ်မယ်ဆိုတဲ့ မျက်နှာပေးနဲ့ နောက်ကိုချာကနဲ Injunလှည့်ကြည့်လေသည် ။

' Wow daebaek !! Na Jaemin '

ပါးစပ်လေးအဟောင်းသားနှင့် လှည့်ကြည့်လာသည့် Injunအား ပြုံးပြပြီး တက်ဖို့ အချက်ပြလိုက်သည် ။

' ဘယ်ကနေ ဘယ်လိုရောက်လာတာလဲ Jaemin '

နှစ်ယောက်စီးလှေပေါ်မှာ ထိုင်ရင်း ကြည်လင်အေးမြတဲ့ ရေတွေအား လက်နှစ်ဖက်နှင့် ယက်ပြီးဆော့ကစားနေသည့် Injunက အတော်လေးပျော်နေပုံရသည် ။

' Injun '

' အင်း '

' နေဝင်တော့မယ် '

မျိူးရိုးကအထက်တန်းစား {မ်ိဴးရိုးကအထက္တန္းစား}Место, где живут истории. Откройте их для себя