💚၆💚

1.1K 128 4
                                    

[ UNICODE ]

သတိလက်လွတ် တွန်းထုတ်လိုက်ပြီးမှ ကျနော်အတော်လေး အားနာသွားမိတယ် ။

တကယ်ဆို ကျနော်ကစပြီး ဖက်တွယ်ခဲ့တာပဲ ။

ဒါပေမဲ့ ကျနော်မမြင်စေချင်ဘူး ။

အများသူငှာမသိတဲ့ ပြည့်စုံခြင်းတွေနဲ့ Na Jaeminရဲ့ နောက်ကွယ်က အားငယ်ခြင်းတွေကို ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ ကျနော်မမြင်စေချင်ပါ ။

လူတွေက Na Jaeminကို ကြည့်ရင် အားကျခြင်းတွေနဲ့ပဲ အမြဲငေးကြည့်နေရမယ် ။

သနားဖို့ကောင်းလိုက်တာဆိုတဲ့ ဂရုဏာသက်တဲ့ မျက်ဝန်းတွေကို ကျနော်သိပ်မုန်းတယ် ။

အဲ့လိုမျက်လုံးမျိုးတွေနဲ့ အကြည့်ခံရမယ့်အစား သေသွားတာကမှ ပိုပြီးအဓိပ္ပာယ်ရှိတယ်လို့ ကျနော်ယူဆတယ်ဆိုရင် အတွေးခေါင်ရာများ ရောက်နေမလား ။

မတက်နိုင်ပါ ။

Na Jaeminဆိုတာ အမြင့်မှာပဲ နေခဲ့တဲ့သူမို့ အမြဲတမ်း အသာစီးပဲရနေချင်တာ ။

ကုတင်ပေါ်မှဆင်းကာ အပြင်သို့ထွက်ခဲ့တော့ ဝရံတာမှာ သူရပ်နေသည် ။

ကျနော်နှင်ထုတ်လိုက်လို့ ရွာလွန်အရွဲ့တိုက်နေတာလည်း ဖြစ်နိူင်သည် ။

ဂျပုက တစက်ကလေးမှ အကြောတင်ခံတဲ့သူ မဟုတ်ဘူးလေ ။

' နောက်တစ်ခါ ငါအိပ်နေရင် ငါ့အနားမကပ်နဲ့ '

အနည်းငယ် တင်စီးနေသည့် ကျနော့်စကားကြောင့် သာနေတဲ့ လကို မျက်နှာမူကာ ခေါင်းမော့ပြီး ဂျပုရယ်သည် ။

' မင်းကစေတနာကို အတော်လေး စော်ကားတတ်တဲ့ကောင်ပဲ '

' စေတနာ ငါလိုလူအတွက် ဘာစေတနာမှ မလိုအပ်ဘူး '

' အေးပါ ၊ စိတ်ပူမနေပါနဲ့ နောက်တစ်ခါ မင်းအိပ်နေရင်းနဲ့ အသက်ထွက်သွားရင်တောင် ငါမင်းကိုလှည့်မကြည့်ဘူး '

' ကောင်းတာပေါ့ ၊ ခပ်ကင်းကင်းနေတာပဲ ကောင်းပါတယ် '

' Hyung '

' Gege '

ခေါ်သံကြောင့် ဂျပုရော ကျနော်ပါ လှည့်ကြည့်ဖြစ်သည် ။

မျိူးရိုးကအထက်တန်းစား {မ်ိဴးရိုးကအထက္တန္းစား}Where stories live. Discover now