💚၄💚

1.2K 136 3
                                    

Unicode

Canteenဟုသာဆိုသည် တကယ်တမ်း Na Jaeminမောင်းလာသည့်နေရာက ကျောင်းနှင့် မနီးမဝေးမှာရှိနေသည့် Hotelတစ်ခု၏ Resturantတစ်ခုဆီ ။

သစ်ပင်အနွယ်စိမ်းလေးတွေ ရံကာအလှဆင်ထားသည့် ထိုResturantလေးက သဘာဝဥယျာဉ်လေးနှင့်တူသည် ။

နံရံမှာ တိရိစ္ဆာန်တို့သဘာဝကျက်စားရာ ပန်းချီကားကို ချိတ်ဆွဲထားသလို ရေတံခွန်ပုံစံပြုလုပ်ထားသည့် နေရာလေးကလည်း တကယ်ပင်လှရက်လွန်းသည် ။

စမ်းချောင်းလေးသဖွယ် စီခြယ်ထားသည့် နေရာလေး၏ ဘေးခုံ၌ Jaeminဝင်ထိုင်လိုက်တာမို့ Jaeminဘေးမှာ ဝင်ထိုင်ဖို့ Jenoကကျနော့်ကိုအချက်ပြသည် ။

မထိုင်ရဲ ထိုင်ရဲ ချီတုံချတုံ တွေဝေနေဆဲမှာပင်
လျင်မြန်သွက်လက်လွန်းသည့် Choi Inn Haeဆိုတဲ့ မိန်းမလှလေးက ဦးစွာပင် Jaeminဘေး ဆွေ့ကနဲဝင်ထိုင်ပြီးနေပြီ ။

' Injunnieထိုင်လေ '

Jaeminနှင့်မျက်နှာချင်းဆိုင်ခုံအား ဆွဲထုတ်ကာပေးရင်း ထိုင်ဖို့Jenoပြောတာမို့ ခေါင်းညိတ်ကာ သူဝင်ထိုင်ဖြစ်သည် ။

' ဆေးလိပ်တွေသောက်နေပြန်ပြီJaemin '

Choi Inn Haeဆီကထွက်လာသည့် အသံကြောင့် သူမော့ကြည့်လိုက်တော့ Jaeminနှုတ်ခမ်းဝမှာ တေ့ထားသည့် စီးကရက်တစ်လိပ် ။

မီးညှိရှိုက်ဖွာကာ မှုတ်ထုတ်လိုက်သည့် ဆေးလိပ်အခိုးငွေ့တွေက ပါးစပ်နှင့်နှာခေါင်းထဲသို့ အလုံးနှင့်အရင်းဝင်ရောက်လာတာမို့ အသက်ရှုကျပ်ကာ သီးလေပြီ ။

' အဟွတ် အဟွတ် '

' အဆင်ပြေရဲ့လား '

လက်မောင်းအားဆုတ်ကိုင်ကာ မေးလာသည့် Jenoအမေးအား ချက်ချင်းပြန်မဖြေနိုင် ။

တစ်ဆို့နေတဲ့ရင်ဘတ်ကို အသာဖိပြီး အသက်ကိုသာမနည်းလုရှူနေရသည် ။

' ခေါင်းကိုမော့ပြီး ကြိုးစားကြည့် '

Jenoစိုးရိမ်စွာပြောနေပေမဲ့ ကျနော်ချစ်တဲ့Jaemကတော့ တုတ်တုတ်မျှမလှုပ် ။

ဖြေးဖြေးချင်းလေကိုရှူရှိုက်သွင်းရင်း အသက်ရှူဖို့ကြိုးစားကြည့်သည် ။

မျိူးရိုးကအထက်တန်းစား {မ်ိဴးရိုးကအထက္တန္းစား}Wo Geschichten leben. Entdecke jetzt