💚 ၇ 💚

1.1K 119 5
                                    

[ Unicode ]

နှုတ်ဆက်ကာ အခန်းထဲဝင်သွားသည့် Chensungအတွဲအား ကျောခိုင်းကာ ဂျပုကိုတွဲပြီး အခန်းထဲသို့ ဝင်ခဲ့ပြီး ဂျပုအား ကုတင်ပေါ်၌ ထိုင်စေလိုက်သည် ။

' မင်းတစ်ခုခုလုပ်ချင်တာရှိရင် ငါ့ကိုပြော Injun '

' ကျေးဇူးတင်ပါတယ် '

' ငါ့တာဝန်မကင်းဘူးလေ '

' ငါအိပ်တော့မယ် '

' အင်း '

စောင်လေးခြုံကာ မွေ့ယာကြားမြုပ်သွားသည့် Injunကို တစ်ချက်ကြည့်ကာ ခေါင်းညိတ်ပြလိုက်ပြီး Sofaမှာထိုင်ကာ TVကလာနေသည့် ဘောလုံးပွဲကို ကြည့်နေဖြစ်သည် ။

' အင်း ဟင်း '

နောက်နားဆီက ညည်းသံကြောင့် လှည့်၍ကြည့်လိုက်တော့ ကိုယ်လေးကို ပုဇွန်ထုတ်ကွေးကွေးကာ ညည်းနေတဲ့ Injun ။

လှဲနေရာမှ ကုန်း၍ထလိုက်ပြီး ကုတင်နားလျှောက်ကာ စောင်ကိုဆွဲ၍ခြုံပေးလိုက်ပြီး လိုက်ကာစတို့အား အကုန်ဆွဲ၍ပိတ်ပစ်လိုက်သည် ။

အအေးဓာတ်ဝင်လာပြီဆိုတော့ ချမ်းလို့နေမှာပေါ့ ။

နေရာမှာပြန်ထိုင်ကာ ကြည့်လက်စ ဘောလုံးပွဲကို အာရုံပြန်စိုက်လိုက်ပေမဲ့ တစ်ချက်တစ်ချက်ထွက်ပေါ်လာတတ်တဲ့ ညည်းသံအား ဘယ်လိုမှ ဥပေက္ခာပြုလို့မရ ။

ဘယ်တုန်းကများ Na Jaemin အဲ့လောက်အထိ အာရုံစူးစိုက်တတ်သွားတာပါလိမ့် ။

ထိုင်နေရာမှ ပြန်ထလိုက်ပြီး အနားလျှောက်သွားကာ Injunအား ခပ်တိုးတိုးနှိုးဖြစ်သည် ။

သို့သော် တုတ်တုတ်မျှမလှုပ် ။

ကွေးပြီးအိပ်၍သာနေသည် ။

အဖြူရောင်စောင်ပုံကြားထဲက မျက်နှာသေးသေးလေးပေါ်ယုံသာ ဖော်ထားသည့် အကောင်သေးလေးက ယုန်ပေါက်လေးနဲ့တောင် တူသေးသည် ။

အတွေးနဲ့အတူ ညာဘက်နှုတ်ခမ်းထောင့်လေး ကော့ညွှတ်ကာ ကွေးတတ်သွားသည် ။

မျက်တောင်ရှည်များ မှေးစင်းကာ လက်ပိုက်၍ Injunကို သူကြည့်နေတာ အချိန်အနည်းငယ်မျှ ကြာညောင်းနေပြီ ။

မျိူးရိုးကအထက်တန်းစား {မ်ိဴးရိုးကအထက္တန္းစား}Onde histórias criam vida. Descubra agora