💚၃၀💚

766 89 2
                                    

Unicode

" ဝက်ဝံလေးက သူ့ပျားရည်အိုးပျောက်တော့ ငိုတာပေါ့ "

ကျောခိုင်းကာ ကလေးချော့သိပ်နေတဲ့ Injunကို တစ်ချက်ကြည့်ကာ ကျွန်တော်Gameဆော့နေလိုက်သည် ။

" ပါးပါး ဝက်ဝံလေးက ဘာလို့ငိုတာလဲ "

" သူပိုင်တဲ့ပစ္စည်းလေးပျောက်သွားတော့ ဝမ်းနည်းပြီး ငိုတာပေါ့ သားရဲ့ "

ဒါမျိုးကျတော့ ဂျပုကစိတ်ရှည်သား ။

သူ့ပုံပြင်ကိုနားထောင်ရင်း ကလေးတောင် အိပ်ပျော်သွားပြီ ။

စောင်အားဆွဲခြုံကာ အိပ်ဖို့ပြင်နေပြီဖြစ်တဲ့ Injunက တစ်စက်ကလေးမှ ကျွန်တော်ကို ဂရုစိုက်မယ့်ဟန်မရှိ ။

မြူတစ်မှုန်စာလောက်တောင် လှည့်မကြည့်ပဲ ကလေးကိုဖက်ကာ အိပ်စက်နေပြီ ။

ဒါမျိုးတော့ Na Jaeminကို လာကျောလို့မရဘူး ။

" Huang In Jun ထစမ်းပါအုန်း "

" ဘာလဲ "

" မင်းဒါဘာလုပ်တာလဲ "

" အိပ်တာလေ မင်းမမြင်ဘူးလား "

" အိပ်တာတော့ မင်းပြောမှလား ငါမြင်တာပေါ့ "

" မြင်ရင်ဘာလို့လာမေးနေသေးလဲ "

" ငါပြောတာ မင်းကဘာလို့ ငါ့ဘက်လှည့်မအိပ်ပဲ ဟိုငတိလေးဘက်လှည့်အိပ်တာလဲ "

" ဟာ ကလေးတစ်ခုခုဖြစ်မှာစိုးလို့ပေါ့ "

" ငါကမင်းယောက်ျားနော် "

" အဲ့တော့ ဘာဖြစ်လဲ "

" ငါ့ကိုနည်းနည်းလောက် ဂရုစိုက်ဖို့တွေးစမ်းပါ "

" မိန်းမကြီးကျနေတာပဲ ၊ ကလေးနဲ့အပြိုင် လာလုပ်နေတယ် "

" Huang Injun "

" ဘာလဲ "

" မင်းငါ့ဘက်အခုမလှည့်သေးဘူးလား "

" မလှည့်ဘူး "

" သေချာလား "

" သေချာတယ် "

" ထပ်မေးမယ် သေချာလား "

" ထပ်ပြောမယ် သိပ်ကိုသေချာတယ် "

" တွေ့ကြသေးတာပေါ့ကွာ "

Injunကျောပြင်အောက် လက်ကိုတစ်ဖက် ဒူးကောက်ကွေးအောက်သို့ လက်တစ်ဖက်ထိုးနှိုက်ကာ ပွေ့ချီပြီး ရင်ခွဲထဲ အတင်းထည့်တော့ ရုန်းကန်နေသည် ။

မျိူးရိုးကအထက်တန်းစား {မ်ိဴးရိုးကအထက္တန္းစား}Donde viven las historias. Descúbrelo ahora