💚၁၅💚

1K 105 9
                                    

[Unicode]

အကျီင်္တွေတစ်ထည်ပြီး တစ်ထည်ကပ်ကြည့်လိုက် ပစ်ချလိုက်နဲ့ အတော်လေးဒေါပွနေပုံရသည့် Injunအား ကြည့်ကာ Jaeminအော်ရယ်မိသည် ။

မဖိတ်ခေါ်ပါပဲရောက်လာတဲ့ မျက်စောင်းကြောင့် ရယ်ချင်ရက်လက်စကို မြိုချပြီး Injunနားသို့လျှောက်ကာ လက်ထဲက အကျီင်္တွေအား ဆွဲယူကာ မွေ့ယာပေါ် လွှင့်ပစ်လိုက်သည် ။

' မင်းအခုထိ အကျီင်္မဝတ်သေးပဲ ငါ့ကိုဆွဲဆောင်နေတာလား '

တပတ်တပိုင်းသာ ပတ်ထားသည့် Injunရဲ့ဖြူနုဝင်းမွတ်တဲ့ ခန္ဓာကိုယ်အား မျက်စပစ်ကာ Jaeminပြောလိုက်တာမို့ Injunမျက်နှာရဲတက်လို့လာသည် ။

' အဲ့ဒါ မင်းကြောင့်လေ ၊ ပြောတော့ ဝတ်စရာရှိတယ်ဆို ၊ အခုဘယ်မှာလဲ ၊ ဝတ်စရာ '

' ဒီလောက်အဝတ်တွေ တစ်ပုံကြီးကိုကွာ '

' မင်းဟာက ငါနဲ့မှမတော်တာ '

Injunစကားအား Jaeminပြူးကြည့်နေတာမို့ Injunစိတ်ပျက်လက်ပျက် ထိုင်ချလိုက်ပြီး…

' မင်းပေါက်ကရတွေးပြန်ပြီ ၊ ငါပြောတာ အဝတ် အဝတ် အခြားဟာမပါဘူး '

' Injunကလည်းကွာ မင်းနဲ့ငါက သိပ်ကွာတာမှမဟုတ်တာ ၊ ပွလည်းနည်းနည်းပေါ့ ၊ oversizeပေမဲ့ မိုက်ပါတယ် ၊ ပြန်လာမှ ဝယ်ပေးမယ် ၊ ကျောင်းနောက်ကျတော့မယ် '

' ငါဘာဝတ်ရမှာလဲ '

' ဒါလေးရော ကြည်ပြာရောင်လေး လှတယ် ၊ ဒီJeanလေးနဲ့ ဝတ် ၊ မင်းက ဘာဝတ်ဝတ်လှပြီးသားပါ '

ချော့မောပြောမှ ဆူပုတ်ပုတ်နှင့် အကျီကောက်ဝတ်သည့် Injunက တကယ့်ကလေးဆိုးလေးသာ ။

' Jaeminဘာလုပ်တာလဲ '

Injunရှေ့နား ဒူးတုတ်ထိုင်ချကာ Injunခြေထောက်အား Jaeminဒူးပေါ်တင်ပြီး ရှည်နေသည့် ဘောင်းဘီအောက်နားစအား အနည်းငယ်လိပ်တင်ခေါက်ပေးလိုက်သည် ။

' မရှည်တော့ဘူးတွေ့လား '

' Jaemin မင်းဟာလေ '

ကြည်နူးရိပ်လေးတွေနဲ့ ပြုံးပြီးကြည့်နေသည့် Injunကို Jaeminခေါင်းလေးမော့ကာ နမ်းလိုက်ပြီး…

' ငါ မင်းနဲ့တွေ့မှ ဒါမျိုးတွေ လုပ်တတ်တာ Injun ၊ ငါကောင်မလေးတွေနဲ့ တွဲခဲ့ပေမဲ့ အဲ့လိုအခွင့်အရေးမျိုး တစ်ခါမှ မပေးခဲ့ဖူးဘူး ၊ ကျန်တာမပြောနဲ့ ငါစိတ်မပါရင်တောင် သူတို့ငါ့ကိုတွေ့ချင်ပါတယ်လို့ ပြောခွင့်မရှိခဲ့ဘူး ၊ ငါဘာလို့မင်းကိုချစ်မိသွားတာလဲ စဉ်းစားနေတာ စဉ်းစားလို့ကိုမရသေးဘူး '

မျိူးရိုးကအထက်တန်းစား {မ်ိဴးရိုးကအထက္တန္းစား}Onde histórias criam vida. Descubra agora