💚၂၄💚

754 85 1
                                    

Unicode

' Jeno အဲ့ဒါ Jaemin '

' မဟုတ်ဘူး Injun '

သူ၏ခပ်ရေးရေးမျှော်လင့်ချက်တို့အား Jenoယတိပြတ်ငြင်းဆန်လို့နေသည် ။

မဟုတ်ဘူး ။

ဘာကမဟုတ်တာလဲ ။

ပန်းနုရောင်ဆံနွယ်ပွပွလေးတွေက ဆီလိမ်းဖီးသင်ထားတဲ့ ပိတုန်းရောင်ဆံနွယ်တွေကြောင့်လား ။

Jeanတွေအစား Style Pantပြောင်းသွားတာကြောင့်လား ။

တည်တင်းတဲ့မျက်နှာအစား အပြုံးချိုလေးတွေကြောင့်လား ။

အဲ့ဒါအားလုံးက ပြောင်းလဲပစ်လို့ရတယ် မဟုတ်ဘူးလား ။

ဆက်ပြိုင်ပြီး မငြင်းချင်တော့တာမို့ သူခေါင်းသာညိတ်ပြလိုက်သည် ။

ရင်ထဲမှာတော့သိနေတယ် Jaemin ။

အဲ့ဒါမင်းဆိုတာ ။

💚

' ဦးဦး Cake တစ်ခုပေးပါ '

ချစ်စဖွယ်အသံလေးနဲ့ Cakeလာဝယ်တဲ့ ကလေးလေးကြောင့် ကောင်တာမှထကာ သူပြုံးလိုက်သည် ။

' ရမှာပေါ့ကွ ၊ ဒါနဲ့ သားသား တစ်ယောက်တည်းလား ဒယ်ဒီရော '

နောက်ကိုကြည့်ကာ သူမေးလိုက်တော့ တံခါးကိုတွန်းဖွင့်ကာ Harryလေးရဲ့ ဒယ်ဒီ ဝင်ရောက်လာသည် ။

' သား ဝယ်ပြီးပြီလား '

' မှာထားတုန်း ဒယ်ဒီ '

' Americanoတစ်ခွက်ပေးပါ '

ကလေးကိုချီကာ ခုံမှာဝင်ထိုင်ရင်း ခပ်အေးအေးပင် သူမှာသည် ။

' သားက ဒီဆိုင်က Cakeကို အရမ်းကြိုက်နေတာ '

' ကျေးဇူးတင်ပါတယ် ၊ နောက်လည်းအားပေးပါအုန်း Harry's Daddy '

' ကျနော့်နာမည် Choi Jaewonပါ '

' ကျနော်က Huang Injunပါ '

' ကော်ဖီက တကယ်ကောင်းတာပဲ '

' မြှောက်လွန်းနေပြီထင်ပါတယ် '

' တကယ်ကောင်းတာ '

' ကျေးဇူးတင်ပါတယ် Jae '

အတိုကောက်ခေါ်လိုက်တဲ့ သူ့ခေါ်သံကြောင့် Jaeနှုတ်ခမ်းတွေ ကော်ဖီခွက်အနီးမှာ ရပ်တန့်သွားသည် ။

မျိူးရိုးကအထက်တန်းစား {မ်ိဴးရိုးကအထက္တန္းစား}Donde viven las historias. Descúbrelo ahora