💚၂၇💚

747 81 2
                                    

[ Unicode ]

မပြည့်စုံမှုတွေနဲ့ ဗျာများမှုတွေက ရွှေဘုံစံဖွား မင်းမွေးတဲ့သားတစ်ယောက်အဖြစ်က မလွယ်ကူမှန်း သူမှန်းဆမိတာမို့ အိတ်ထဲရှိ ပိုက်ဆံတစ်ထပ်အားထုတ်ကာ Jaeminလက်ထဲ သူထည့်ပေးလိုက်သည် ။

'' မင်းလိုတာသုံးဖို့Jaemin ''

'' မလိုပါဘူးInjun ၊ ကိုယ့်မှာ သုံးစရာမှမရှိတာ ''

သူ့လက်သေးသေးလေးတွေအား ဆွဲယူကာ Jaeminပြန်ပေးနေသည် ။

Jaeminအကြောင်း သူအသိဆုံးမို့ သက်ပြင်းသာအသာချပြီး ငြိမ်သက်နေလိုက်တော့သည် ။

Jaeminက မယူဘူးဆိုရင် လုံးဝယူမယ့်သူမဟုတ်ဘူးလေ ။

'' တကယ်လို့ ကလေးအတွက် အကူအညီလိုရင် ငါ့ကိုပြောလေ နော် ''

'' Injun သူစိမ်းဆန်တာမျိုးမဟုတ်ပေမဲ့ မင်းကိုဝန်ထုတ်ဝန်ပိုး ကိုယ်မဖြစ်စေချင်ဘူး ၊ ကိုယ်က မင်းကိုချစ်နေချင်တာ ၊ ချစ်နေယုံလေး ချစ်နေချင်တာ ၊ အပူတွေကို မျှမယူချင်စမ်းနဲ့ကွာ ''

ပါးလေးအားကိုင်ကာ Jaeminသူ့ကိုချော့နေမှန်း သိပေမယ့် ချစ်သူဆိုတာ အပူတွေလည်း အတူမျှဝေရမယ်မဟုတ်ဘူးလား Jaemin ။

'' ငါပြန်တော့မယ် ''

'' ကိုယ်လိုက်ပို့မယ် ''

'' ကလေးနားမှာပဲနေပါ ၊ Jenoကို လာကြိုခိုင်းလိုက်လို့ဖြစ်တယ် ''

'' ဆေးသောက်အုန်းနော် ''

'' အင်းပါ ''

'' ဂရုစိုက် ''

လည်ဂုတ်အား လက်နှင့်ဆွဲယူကာ နှဖူးလေးအား ခပ်ဖွဖွJaeminနမ်းသည်ကို မျက်လုံးမှိတ်၍ ငြိမ်သက်စွာ သူခံယူလိုက်သည် ။

'' အထဲပြန်သွားတော့လေ ''

'' Jenoလာတဲ့အထိ စောင့်ပေးမယ် ''

ပြန်သွားလို့ပြောလည်း သွားမှာမဟုတ်တာမို့ သူလက်ခံလိုက်ရသည် ။

'' ဘယ်သူဘာဖြစ်လို့လဲ Jaemin ''

ဝင်လာကတည်းက Jenoမှာ မေးခွန်းတွေအပြည့် ။

'' Harryလေးဖြစ်တာ ''

'' အခုရော ဘယ်လိုနေသေးလဲ ''

မျိူးရိုးကအထက်တန်းစား {မ်ိဴးရိုးကအထက္တန္းစား}Where stories live. Discover now