💚 ၁၄ 💚

1K 103 1
                                    

[Unicode]

' Gege '

အပြေးလာဖက်သည့် Chenleအား ခေါင်းလေးမော့ကာ ပြန်ဖက်လိုက်ပြီး ကျောပြင်အား ခပ်ဖွဖွပွတ်လိုက်သည် ။

' Gegeအဆင်ပြေတယ်မလားဟင် '

' အင်း ပြေတယ် Chenle '

' Jaemin Hyungက Gegeကို နှိပ်စက်သေးလား '

' အင်း '

မျက်နှာလေးမဲ့ကာ Injunပြောတာမို့ Jaeminမျက်လုံးလေးအဝိုင်းသားနှင့် ကြည့်လို့နေသည် ။

' အရမ်းချစ်ပြလို့ Gegeအနေရတောင်ခက်တယ် '

' Gegeတို့ကံကောင်းတာပေါ့ '

' ဒါနဲ့ Jenoရော '

' ဦးငယ်က မအားလို့မပါလာဘူး '

' အော် '

' သွားရအောင် Injun '

ခါးအားလာရောက်ဖက်ကာ ပြောလိုက်သည့် Jaeminကြောင့် Jisungနဲ့Chenleက ပြုံးစိစိ ။

' Hyung '

' အင်း '

' အခု Hyungတို့က ဘယ်မှာနေကြမှာလဲ '

' အိမ်ကိုပြန်မှာ Jisung '

' Injun Hyungကိုပါ ခေါ်သွားမှာလား '

' ဟင့်အင်း ၊ ငါပဲသွားမှာ စီစဉ်စရာရှိတာတွေ စီစဉ်ပြီးမှ Injunကို လာခေါ်မှာ '

' ဒါဆို Gegeက ကျနော်နဲ့ပဲနေရအုန်းမှာပေါ့ '

' အင်းပေါ့ '

' ကောင်းလိုက်တာ '

လက်ခုတ်လေးနှစ်ဖက်အားတီးကာ ပျော်နေသည့် Chenleအား အသည်းယားစွာ Jisungက ခေါင်းလေးကိုပွတ်လေသည် ။

' တစ်ခုခုသွားစားရအောင် '

' Hyungကျွေးမှာလား '

' ဘယ်တုန်းက ငါမရှင်းလို့လဲ Jisung Park '

Ruserbiလို့အမည်ရတဲ့ ဆိုင်လေးက သေသပ်ပြီး လူရှင်းတာမို့ ထိုဆိုင်ကိုပဲ ရွေးဖြစ်သည် ။

' Injunဘာစားမှာလဲ '

' Injun ? '

' Hyungက အခုအချိန်အထိ Injunလို့ပဲခေါ်တာလား '

' အေးလေ '

' Out of dateဖြစ်လိုက်တာ ၊ နည်းနည်းပါးပါးတော့ အခေါ်အဝေါ်ပြောင်းပေါ့ '

မျိူးရိုးကအထက်တန်းစား {မ်ိဴးရိုးကအထက္တန္းစား}Where stories live. Discover now