💚 ၁၂ 💚

1.1K 120 8
                                    

[Unicode]

သောက်ရေလာပေးစဉ် Injunက ပြန်လည် အိပ်ပျော်နေပြန်ပြီမို့ သူဖွင့်ထားဟန်တူသည့် လိုက်ကာတို့အား Jaeminဆွဲကာ တံခါးပိတ်လိုက်သည် ။

စောင်ခြုံမှာကွေးနေသည့် Injunအား မြတ်နိုးစွာငေးကြည့်ရင်း Jaeminပြုံးမိတယ် ။

Jenoအတွက် မတရားပေမဲ့ ကျနော့်အချစ်အတွက်တော့ Injunက စစ်မှန်ခြင်းပဲ ။

ရေဘူးအား ခုံပေါ်တင်ခဲ့ပြီး အခန်းထဲက ထွက်ကာ မအောင်မြင်သေးတဲ့လုပ်ငန်းစဉ်တစ်ခုအား ရေကုန်ရေခမ်း ဆက်လက်ကြိုးပမ်းလိုက်သည် ။

တစ်ပါးသူစားသောက်ဖို့အတွက်ချက်ပြုတ်တဲ့ ကိစ္စရပ်က လွယ်ကူတာမဟုတ် ။

အထူးသဖြင့် ဗိုက်ဆာတယ်လို့ ဆိုလိုက်တာနဲ့ မျက်စိရှေ့ ဟက်ချလောင်းလို ရောက်လာတဲ့ ကျနော့်လို မိုးကျရွှေကိုယ်အတွက်ဆို သာဆိုးသည် ။

ချစ်လို့သာလုပ်ပေးနေရတာ ။

အချက်အပြုတ်ဆိုတာ Na Jaeminနဲ့ လားလားမှဆိုင်တဲ့အရာမှ မဟုတ်တာ ။

' အား '

လက်ဖျံဆီခုန်ပျံကာ လာစင်သည့် ဆီစက်ပူပူကြောင့် အာမေဍိတ်သံတစ်ခု နှုတ်ဖျားက ထွက်ကျလာသည် ။

ရဲပြီးတင်းရင်းလာသည့် လက်ကိုကြည့်ရင်း နာကျင်မှုကို ခံစားမိပေမဲ့ ချစ်တဲ့Injunအတွက်ပဲဟာ ။

ဒီလောက်တော့ ခံနိုင်ရည်ရှိရမှာပေါ့ ။

အေပရွန်အားတင်းတင်းပြန်စည်းကာ ဒယ်အိုးထဲက ဆီတွေအား အကုန်သွန်လောင်းချလိုက်သည် ။

' ငါ့ကိုနာကျင်အောင်လုပ်တဲ့ဟာတွေ အကုန်သွားကွာ '

ဘောင်းဘီအိတ်ကပ်ထဲက ဖုန်းကိုနှိုက်ပြီး Youtubeဖွင့်ကာ ကြက်ဥနဲ့ပတ်သတ်သမျှကို ရှာဖွေလိုက်သည် ။

ကြက်ဥတစ်မျိုးတည်းသုံးပြီး အရသာရှိအောင် ချက်ပြုတ်နည်းပေါ့ ။

Screenထက်မှာပေါ်နေသည့် Making Videoအား ကြည့်ရင်း ဆီမလိုပါပဲ ကြက်ဥကိုဖောက်ပြီး အိုးကင်းပူတိုက်ပြီး Cheeseနှစ်ပြားထည့်ကာ လိပ်လိုက်သည် ။

ဒီနည်းကအလုပ်ဖြစ်သားပဲ ။

အရသာရှိမရှိတော့မသေချာပေမဲ့ နောက်ဆုံးကျန်ခဲ့တဲ့ ကြက်ဥလေးနှစ်လုံးနဲ့ မဖြစ်ဖြစ်အောင်လုပ်ထားရသည့် ကြက်ဥလိပ်အား ပန်းကန်ထဲထည့်ကာ တစ်လုပ်စာလေးတွေ လှီးလိုက်ပြီး ကျေနပ်စွာပြုံးလိုက်သည် ။

မျိူးရိုးကအထက်တန်းစား {မ်ိဴးရိုးကအထက္တန္းစား}Dove le storie prendono vita. Scoprilo ora