💚၂၆💚

810 86 1
                                    

Unicode

' Injun…Injun '

သူ့ရဲ့ခေါ်သံအား တုံ့ပြန်မှုက မရှိတာမို့ သူစိတ်ပူစွာ အခန်းတံခါးဖွင့်ပြီး ဝင်ခဲ့လိုက်တော့ မွေ့ယာထက်မှာ Injunအိပ်နေတုန်း ။

' Injun ၈နာရီခွဲနေပြီ ဆိုင်မသွားဘူးလား '

' ငါခေါင်းတွေကိုက်နေလို့Jeno '

မျက်လုံးတို့အားမဖွင့်ပဲ ပြန်ဖြေနေသည့် Injunနှဖူးအားသူစမ်းကြည့်လိုက်တော့ ကိုယ်တွေခြစ်ခြစ်တောက်ပူလို့နေသည် ။

' Injunမင်းဖျားနေတာပဲ '

' အွန်း '

' ဒါဆိုလည်း ဆိုင်မသွားနဲ့တော့ ၊ အိမ်မှာပဲ နားနေလိုက် ၊ ငါငါးဆန်ပြုတ်ပြုတ်ခဲ့မယ် ၊ နည်းနည်းသက်သာရင် ထသောက်ပြီး ဆေးသောက်လိုက်ကြားလား '

စောင်ပုံကြားထဲမှ Injunခေါင်းညိတ်ပြလေသည် ။

' ငါစောစောပြန်လာခဲ့မယ် Injun '

' အင်း '

မှာစရာရှိတာတွေမှာကြားကာ စောင်ထူထူခြုံပေးပြီး အပြင်သို့ထွက်ခဲ့လိုက်သည် ။

ဆန်ပြုတ်ပြုတ်ပေးဖို့ တွေးနေရင်း Jaeminကို သတိရသွားသည် ။

ဘာပဲဖြစ်ဖြစ် Jaeminက ပိုင်ဆိုင်သူမဟုတ်လား ။

အသိတော့ပေးရမည်လေ ။

ဘောင်းဘီအိတ်ထဲမှဖုန်းအားထုတ်ကာ ခေါ်လိုက်တော့ ချက်ချင်းကိုင်သည် ။

' Jaemin ၊ အိမ်မှာInjunဖျားနေတယ် '

' ဖျားနေတယ် ၊ ငါအခုလာခဲ့မယ် Jeno '

' မင်းလာမလို့လား ၊ အေး ဒါဆိုလည်း မင်းလာရင် တစ်ခုခုလုပ်ကျွေးပြီး ဆေးတိုက်လိုက်အုန်း '

' အေး ၊ မင်းကရော အလုပ်သွားပြီလား '

' အင်း ကားပေါ်ရောက်နေပြီ '

' ကောင်းကောင်းသွား Jeno '

ဖုန်းချကာ အခန်းဝကနေ ခွေခွေလေးအိပ်နေသည့် Injunအား စိတ်မချစွာ လှမ်းကြည့်လိုက်သည် ။

'' Jeno မင်းနေမကောင်းဘူးလေ ''

'' ငါဘာမှမဖြစ်ပါဘူး Junရာ ''

'' နည်းနည်းလေးဖျားတာကို မင်းဖြစ်သလိုနေရင် ပိုဆိုးသွားမှာပေါ့ ၊ အထဲဝင် အပြင်မှာ လေစိမ်းတွေတိုက်တယ် ''

မျိူးရိုးကအထက်တန်းစား {မ်ိဴးရိုးကအထက္တန္းစား}Onde histórias criam vida. Descubra agora