💚 ၈ 💚

1K 125 2
                                    

[Unicode]

' Injunထည့်စားလေ '

ပန်းကန်ထဲ ဟင်းတွေခပ်ထည့်ပေးနေသည့် Jenoအား ပြုံးပြကာ Jaeminအား မသိမသာ အကဲခတ်လိုက်သည် ။

ထောင့်ဆုံးခုံမှာ ခြေချိတ်ထိုင်ကာ ကော်ဖီတစ်ခွက်ကိုသာ ခပ်အေးအေးသောက်နေသည့် Jaeminက ဘာစကားတစ်ခွန်းမှ ဝင်မပြော ။

' ဦးငယ် ကျနော်တို့လည်း ပါးစပ်ပါတယ်နော် '

စားနေရင်းနဲ့ Jenoအား လှမ်းနောက်လိုက်သည့် Jisungကြောင့် ပါးစပ်ထဲက ဝါးနေတဲ့ ထမင်းလုပ်တောင် သီးသွားရသည် ။

ဒီကောင်စုတ်လေးတွေ ငါ့ကိုဘယ်သူနဲ့ရရဆိုပြီး လှော်နေတာပဲ ။

' အဟွတ် အဟွတ် '

' ထွေးထုတ်လိုက် '

အေးစက်စက်အသံလာရာက Jaeminဆီက ။

မျက်နှာချင်းဆိုင်ဆိုပေမဲ့ စားပွဲတစ်ခုလုံးခြားနေသည့် သူနဲ့ကျနော့်ကြားက နီးနီးနားနားတော့မဟုတ်ပါ ။

' ဘာကြည့်နေတာလဲ ၊ ပါးစပ်ထဲက ဝါးလက်စတွေကို အကုန်ထွေးထုတ်လိုက်လို့ ပြောနေတာ '

သူ့အားဝိုင်းကြည့်နေတဲ့သူတွေနဲ့ ကျနော့်အား ဟိန်းဟောက်ကာ ထိုင်နေရာမှ ကျနော်ဘေးသို့ထလာသည် ။

' ထွေး '

ကျနော့်ရှေ့နား လက်ဖဝါးခံကာ ထွေးထုတ်ခိုင်းနေတဲ့ Jaeminကြောင့် ပီတိတို့ဖြစ်ရပေမဲ့ ကျနော်မြတ်နိုးတဲ့ လက်ဖဝါးနုနုလေးတွေပေါ် မထွေးရက်ဘူး ။

' Huang In Jun ငါပြောတာကြားလား ၊ သီးနေတဲ့အချိန် အစာတွေပါးစပ်ထဲမှာ ပြည့်နေရင် နင်သွားလိမ့်မယ် '

' Injun ၊ လာ ထွေးထုတ်လိုက် '

တစ်ရှူးယူကာ ထွေးထုတ်ဖို့ လက်ခံပေးနေသည့် Jenoရဲ့လက်ပေါ်သို့ ဝါးပြီးသားတွေအား ထွေးထုတ်လိုက်တော့ အံကိုကြိတ်ကာ Jaeminလက်ပြန်ယုတ်သွားသည် ။

' Jaemin '

ခေါ်လိုက်ပေမဲ့ စကားတစ်ခွန်းတောင် ပြန်လှည့်မပြောခဲ့ ။

နေရာမှာပြန်ထိုင်ကာ ရေတွေသာ လှိမ့်သောက်နေသည် ။

' Hyung '

' ……… '

' Injunရေသောက်လိုက်အုန်း '

Jenoကမ်းပေးသည့် ရေခွက်အားယူကာ Jaeminအားကြည့်ရင်း မရဲတရဲ
သောက်ရသည် ။

မျိူးရိုးကအထက်တန်းစား {မ်ိဴးရိုးကအထက္တန္းစား}Where stories live. Discover now