💚၁၉💚

966 102 5
                                    

Unicode

' ဒယ်ဒီ '

Jaeminခေါ်သံကြောင့် အပြုံးတွေနဲ့လှည့်ကြည့်လာသည့် ဒယ်ဒီ့အား Jaeminပြေးဖက်လိုက်သည် ။

' သား '

' တောင်းပန်ပါတယ် ဒယ်ဒီ '

တင်းကျပ်စွာပွေ့ဖက်မှုနှင့်အတူ ဖွင့်ဟလိုက်သည့် တောင်းပန်စကားကြောင့် Jaeminရဲ့ပန်းသွေးရောင် ဆံနွယ်တွေကြား လက်ထိုးဖွကာ ဒယ်ဒီခေါင်းခါပြသည် ။

' မလိုအပ်ပါဘူးသား '

' အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ် ဒယ်ဒီ '

' နောက်ကိုလိမ်လိမ်မာမာနေပါသား '

' ဒယ်ဒီ ၊ ဒယ်ဒီ့ကို ကျနော် လူတစ်ယောက်နဲ့ မိတ်ဆက်ပေးချင်တယ် '

' ခေါ်လိုက်လေ '

' Injun '

Jaeminခေါ်သံအဆုံး Injunအခန်းထဲလှမ်းဝင်လာသည် ။

ခေါင်းလေးငုံ့ကာ ရပ်နေသည့် Injunနား Jaeminတိုးကပ်သွားလိုက်ပြီး လက်ကိုတင်းတင်းဆုတ်ကိုင်လိုက်သည် ။

' ဒယ်ဒီ ဒါ ကျနော့်ချစ်သူ Huang In Jun '

' ဒယ်ဒီ သူ့ကိုသိပါတယ် '

' ကျနော်တို့လက်ထပ်လိုက်တာ ဒီနေ့နဲ့ဆို ၁၀ရက်ရှိပြီ ဒယ်ဒီ '

' အင်း '

' ဒယ်ဒီ Injunက '

Jaemin…Injunအား တစ်ချက်ကြည့်လိုက်ပြီး…

' Dong Si Chengရဲ့သား '

ဒယ်ဒီ့မျက်နှာပေါ်မှာ အံ့သြခြင်းတွေပြည့်နှက်သွားသလို Injunလည်း တစ်ခဏမင်သပ်သွားသည် ။

' Sicheng ၊ Sichengရဲ့သား '

မယုံကြည်နိုင်ခြင်းများစွာနှင့် Injunလက်ကိုဆုတ်ကိုင်ကာ ဒယ်ဒီကကြည့်နေသည် ။

' ကလေး တကယ်ပဲ မင်းအဖေက Sichengလား '

' ဟုတ် '

' Jaemin ဒယ်ဒီနဲ့သား စကားခဏပြောရအောင် '

' Injun အပြင်မှာခဏစောင့်နေနော် '

Injunထွက်သွားမှ တံခါးအားလော့ချပစ်လိုက်သည် ။

' ဒယ်ဒီ မင်းကိုတစ်ခုမေးချင်တယ် Jaemin '

' Sichengသားမို့လို့ အဲ့ကလေးကို လက်ထပ်ခဲ့တာလား '

မျိူးရိုးကအထက်တန်းစား {မ်ိဴးရိုးကအထက္တန္းစား}Место, где живут истории. Откройте их для себя