Zawgyi
"မင်းကလဲ ကြိုက်သေး..
မင်းကလဲချေသေး...ဘယ်လိုလဲကွာ..?""အင်းလေ...အမှန်ဆို..အမူးပြေဟင်းရည်လေးဘာလေးချက်ပြီးအနားကပ်နေရမှာကို..ဘာကိစ္စသူငယ်ချင်းအိမ်လာပြီး game နှိပ်နေရတာတုန်း..?"
ဤသည်မှာ..သူငယ်ချင်းမကရည်းစားမကျနှစ်ယောက်ဖြစ်သည် ဂင်ဂျုံအင်နှင့်ဒိုဂယောင်ဆူးတို့၏ ကျွန်တော့်အပေါ်
ဝိုင်းဝန်းထောပနာပြုနေကြသံများသာ...။ဘယ်ကိစ္စကိုပြောနေကြလဲဆိုရင်..
မနေ့ညက ကျွန်တော့်crush ဗြောင်ဘတ်ဟျွန်းတစ်ယောက်
မူးရူးကွဲပြဲပြီး အိမ်ပြန်လာတာကို...
သူနိုးလာရင်...အရက်မူးပြေဖို့ဟင်းရည်လေးဘာလေးချက်ပေးမယ်မရှိပဲ..မနက်မိုးလင်းလို့မျက်လုံးနှစ်လုံးဖွင့်ကတည်းက..သူ့အိမ်ရောက်လာလို့ဘေးနားမှာ
သူများgame ဆော့ဖို့မရ..တစ်ဗြစ်တောက်တောက်ထိုင်ပြောနေသည့် ဒိုဂယောင်ဆူးရယ်...။ဂယောင်ဆူးဖုန်းဆက်လိုက်လို့ နိုးတာနဲ့အပြေးရောက်လာသည့်ဂျုံအင်က..
ကျွန်တော်နဲ့အတူတူဂိမ်းအသည်းအသန်နှိပ်နေရင်းကနေ
ပါးစပ်ကိုအအားမထားပဲ ဂယောင်ဆူးနဲ့အတူတူ
လိုက်ပြောနေသည်..။မနေ့ညက မက်တဲ့အိမ်မက်ထဲက မိန်းမနဲ့သူက
အပြင်မှာ လုပ်ဖော်ကိုင်ဖက် ဖြစ်ပြီး..
အိမ်အထိလိုက်ပို့ပေးလာတာမို့ စိတ်ဆိုးလို့...
ဂရုမစိုက်ပဲ ပစ်ထားတဲ့အကြောင်း..
ပြီးတော့ လူဆိုးကောင်လေးပီသဖို့ရာ..
သူ့ဘာသူမူးမူးသေသေ ပစ်ထားခဲ့ခြင်းဖြစ်ကြောင်း
ထပ်ခါတလဲလဲ ရှင်းပြပြီးဖြစ်ပေမယ့်လို့..
အခုထိ ပြောမြဲပြောနေဆဲဖြစ်သည့်သကောင့်သားနှစ်ကောင်ကို ..ဘာမှထပ်ပြောမနေတော့ပဲ..
ပါးစပ်ပိတ်ပြီး game ပဲဆော့နေလိုက်သည်..။မျက်လုံးထဲမှာတော့ မနေ့ကအိမ်မက်ထဲက..
သူနဲ့အဲ့ဆရာမနဲ့ ကလူကျီစယ်နေကြသည့်ပုံကြီးက
ပြေးမထွက်..။
တစ်ကယ်ဆို အိမ်မက်မက်တာလေးနဲ့ အဲ့လောက်ထိစိတ်တိုစရာမလိုဘူးဆိုတာသိပေမယ့်လို့..
ဘာလို့မှန်းမသိ...
တွေးလေ စိတ်တိုလာလေ ဖြစ်တာကြောင့်..
ပြီးတော့ တစ်ခြားဘက်ကတွေးရင်..
အော်..ငါဒီလောက်မူးရူးကွဲပြဲလာတာကို..
နည်းနည်းပါးပါးကြည့်ပေးမယ်မရှိဘူးဆိုပြီး..
အိမ်မှာမရှိသည့် လူဆိုးကောင်ချောလေးကို
တမ်းတကောင်းတမ်းတနေလောက်မည်ဆိုသည့်ရည်ရွယ်ချက်တို့နဲ့ တမင်အိမ်မှာမနေခြင်းသာ..။