14..

3.1K 556 43
                                    

ဓာတ်​​လှေကားခလုတ်​နှိပ်​ပြီး ကိုယ်​ရှိတဲ့အထပ်​ကိုကျလာဖို့​စောင့်​​နေရတဲ့အချိန်​က ကျွန်​​တော့်​အတွက်​ အင်​မတန်​ပျင်းဖို့​ကောင်းလှသည်​...။

Gခလုတ်​​လေး​ပေါ်လာဖို့အ​ရေး စိတ်​မရှည်​တဲ့မျက်​လုံး​တွေနဲ့ဓာတ်​​လှေကားကို​ပေါက်​ထွက်​မတတ်​ကြည့်​​နေမိသည်​..။

အဲအချိန်​...အလွန်​အင်​မတန်​ပျင်းရိပျင်းတွဲဖြစ်​​နေတဲ့စိတ်​အ​ခြေအ​နေ​တွေကို အလင်းဓာတ်​ယူ​ဆောင်​လာ​ပေးမယ့်​လူတစ်​​ယောက်​​ဘေးနား​ရုတ်​တရက်​​ရောက်​လာခဲ့သည်​...။

တစ်​ခြားလူ​တော့မဟုတ်​..။

ကျွန်​​တော့်​​crushဆိုး​လေးပင်​...။

ဒီရက်​ပိုင်းအတွင်း အိမ်​မကပ်​သည့်​အဆိုးအ​ပေ​လေးက
အခုမှ ဘာ​ကြောင့်​များအသည်းအသန်​​ပြေးလွှားပြီး
အနား​ရောက်​လာသလဲမသိ...။

တစ်​ခုခုကို အလျင်​လို​နေသည့်​ပုံစံကြီးက ​ခွေးလိုက်​ဆွဲလို့ထွက်​​ပြေးလာရတဲ့လူအတိုင်း...။

"ချန်း​ယောလ်​...ဘာဖြစ်​လာတာလဲ..!?"

"ကျွန်​​တော်​..တစ်​ခု​မေးမယ်​..
အမှန်​အတိုင်း​ဖြေ​နော်​..."

"အင်း..အင်း..​မေး.."

အသက်​​တောင်​ပုံမှန်​ပြန်​မရှုနိုင်​​သေးတဲ့ဟာကို..
ဗလုံးဗ​ထွေးနဲ့ ဘာ​တွေ​ပြော​နေမှန်းမသိ..။
မေးချင်​တာရှိ​တော့လဲ ​မေး​ပေါ့...။

ဒီကလဲ ​မေးချင်​တာ ရှိ​ပေမယ့်​..
ထားပါ​တော့...။
ဘာ​တွေလုပ်​ပြီး ဘယ်​​တွေများသွား​နေလို့ ဒီလူ့ကို စိတ်​ဆင်းရဲ​အောင်​လုပ်​​နေရသလဲ လို့...ဒါ​ပေမယ့်​ထားပါ​လေ..။
က​လေး စိတ်​အ​နှောင့်​အယှက်​ဖြစ်​သွားပါဦးမယ်​...။

အဲ့လိုစိတ်​ကူး​တွေနဲ့ ​အေး​အေးသက်​သာ ,သာ ​နေဖို့စိတ်​ကူးလိုက်​​ပေမယ့်​ ဒင်း​လေး​မေးလာတဲ့​မေးခွန်းကြီးက
စိတ်​ညစ်​ညူး​နေတာ​တွေ​အလုံးစုံ
ပျောက်​သွား​တဲ့အထိ
စွမ်း​ဆောင်​နိုင်​သွားခဲ့ပြန်​​တော့..
ဒီ​နေ့အဖို့motivation ​ပျောက်​​နေတဲ့
ဗြောင်​ဘတ်​ဟျွန်းတစ်​​ယောက်​.. .
မျက်​လုံး​လေး​တွေပြူးသွားရသည်​....။

SunflowerDonde viven las historias. Descúbrelo ahora