"ချန်းယောလ်..!"
ကျောင်းဂိတ်ပေါက်ဝရှေ့မှာ...သူ့ဇိမ်ခံကားကြီးကို ကျောမှီရင်းစတိုင်ကျကျရပ်နေတဲ့ကောင်လေးကိုတွေ့လိုက်ရတော့
ကျွန်တော့်မျက်ခုံးတွေ မြင့်တက်သွားခဲ့သည်..။ဒီရက်ပိုင်းအတွင်း ကျောင်းဆင်းချိန်ဆို..ဒီလိုအနေအထားနဲ့တွေ့တွေ့နေရတာ ကြာလာတော့ မအံ့သြပဲနေမလား..။
တစ်နေ့တစ်နေ့မရိုးနိုင်တဲ့အကြောင်းပြချက်တွေနဲ့..
သူများကျောင်းရှေ့ရောက်ရောက်နေတတ်တာက..
လူကို ရောဂါတိုးစေတယ်ဆိုတာ သူမသိလေရော့သလား..။"ဆိုစမ်းပါဦး..ဒီနေ့လဲ ညီမလေးဆီထပ်လာတာလား..?"
"အင်းလေ...သူမကြိုက်တဲ့ကောင်လေးတစ်ယောက်သူ့နားပဲကပ်နေတယ်ဆိုလို့လေ..
အစ်ကိုကြီးအဖရာဆိုတော့ နည်းနည်း လာကြည့်တာ..""အော်..ဟုတ်ပါပြီ..အဲ့တာနဲ့လမ်းကြုံရင်း hyungကို
စောင့်နေတယ်ဆိုပါတော့.."ဒီတပတ်ထဲ မှာတင်..သူ့အမေပို့ခိုင်းလို့ သူ့ညီမဆီ ဟင်းလာပို့တယ်ဆိုပြီး မနေ့တနေ့ကလေးတင်မှ..
ရောက်လာခဲ့တဲ့လူက...
ဒီနေ့လဲ နောက်reason တစ်ခူနဲ့ ရောက်နေတာက...လူကို ကလိကလိနဲ့အသည်းယားစေသည်...။
နှုတ်ခမ်းပါးတွေ အပေါ်ဘက်လှလှလေးကော့တက်စေတဲ့အထိကို ပျော်ရွှင်စေသည်..။
ပြီးတော့ သူ့အမေအိမ်လာပြီး ကျွန်တော်တို့နှစ်ယောက်
ဘယ်လိုနေကြလဲ လာကြည့်တုန်းက...
ချန်းယောလ်မလိမ္မာရင်ပြောနော် ဆိုတော့...
hyungက သားကိုဂရုစိုက်ပြီး...
ချစ်ဖို့လဲကောင်းတဲ့ hyungသေးသေးလေးမို့..
တစ်ခြားလူတွေအပေါ်ဆိုးရင်တောင်..
hyungအပေါ်ကို မဆိုးရက်ပါဘူးလို့..သူ့အမေကို
ပြောခဲ့တဲ့ကောင်စုတ်ကလေးက...ဒါ ပတ်ချန်းယောလ်မှဟုတ်ပါလေစလို့ ဘုရားတခဲ့ရတဲ့အထိပင်...။