အိမ်ရှေ့မှာ ဘယ်သူမှ မရှိလို့..အိမ်ခန်းထဲမှာ ကုပ်နေကြတယ်ထင်ပြီး ၀င်သွားကြည့်တော့လဲ ဘယ်သူမှမရှိ..။
နောက်ဆုံးကျန်တဲ့မီးဖိုခန်းထဲကိုသွားကြည့်မှပဲ..
ဂယောင်ဆူးနဲ့အတူ ..သူ့နားမှာတောက်တဲ့လိုကပ်တွယ်နေတတ်သည့်ဂင်ဂျုံအင်လေးကိုပါတစ်ပါတည်းတွေ့လိုက်ရသည်..။ထမင်းစားပွဲပေါ်မှာလဲ ဟင်းပွဲတွေအပြည့်နဲ့..။
ကြည့်ရတာ ဂျုံအင်တစ်ယောက် ဂယောင်ဆူးကိုအပူကပ်ပြီးထမင်းချက်ကျွေးခိုင်းတယ်ထင်..။တော်သေးတယ်..ကိုယ်က အမျိုးတစ်ပိုင်းဧည့်သည်မို့လို့..
အိမ်password သိလို့အိမ်ထဲဝင်လာနိုင်တာ..။
မီးဖိုခန်းတံခါးပိတ်ပြီး..ဒီနှစ်ကောင်အထဲအောင်းထမင်းစားနေပုံမျိုးနဲ့ bellတီးလဲ တီးတဲ့လူသာမောသွားမည်..။
တံခါးလာဖွင့်ဆိုတာ zero percent နီးနီး..။စောစောကလဲ ဖုန်းထဲကနေ ပြောချင်တာပြောသွားပြီးပြီကို..။
အိမ်ကိုကြွမြန်းခဲ့ပါဦးလို့အခါတော်ပါးနေတော့လဲ...
သူငယ်ချင်းမျက်နှာကိုမော်ဖူးဖို့အရေး..
ကြွမြန်းခဲ့ရသည်ပေါ့..။အကြောင်းရင်းကတော့ တစ်ခြားမဟုတ်..။
ဘတ်ဟျွန်း hyung သူ့ကိုရင်လာဖွင့်တဲ့အကြောင်းကနေအခြေ ခံပြီး..ကျွန်တော်လုပ်နေတာတွေကိုပြင်ဖို့
ထုံးစံအတိုင်းဒိုဂယောင်ဆူးတို့သြ၀ါဒခြွေဖို့ပေါ့...။"လာပြီ..ပေါ်တော်မူကြီး..."
"အာလူးချောင်းကြော်တွေပါလား..!"
"ဖယ်စမ်း..! ထိတောင်မထိနဲ့..မင်းကအာလူးကြော်စားဖို့တောင်မတန်ဘူး.."
"ဟာ..မင်းကလဲ..ကိုယ့်သူငယ်ချင်းကို ဘယ်လိုတောင်ပြောချရက်တာလဲ.. မျက်ရည်ပါဝိုင်းသွားပြီ.."
"၀ိုင်းဝိုင်း..ပြားပြား..ဘယ်ပန်းကန်မှထိဖို့မစဉ်းစားနဲ့ဒါပဲ..!!"
သူ့ဂင်ဂျုံအင်ကိုကျ..စားပွဲဝိုင်းအပြည့်တည်ခင်းဧည့်ခံထားပြီး..ကျွန်တော့်ကျအာလူးချောင်းလေးဆီလက်လှမ်းမိတာကိုပင်...လက်နဲ့အချိန်မီလှမ်းရိုက်နိုင်သော ဒိုဂယောင်ဆူးလေး..။