Zawgyi
မှန်ထဲမှာမြင်နေရသည့်ပုံရိပ်ကိုကြည့်ပြီး...
အပြုံးကြီးကြီးပြုံးနေမိတာအရူးတစ်ယောက်လို..။ဆံပင်အဖြူရောင်နဲ့ပဲလိုက်ဖက်လွန်းတာလား..
ကိုယ့်ရုပ်ကပဲ ချောလွန်းတာလား..မသိပေမယ့်...ဆံပင်အရောင်ပြောင်းလိုက်တာနဲ့နဂိုတည်းက
ချောပြီးသားရုပ်လေးက..ပိုပြီးပြီးပြည့်စုံသွားတာ
နတ်သားတစ်ပါးလိုပင်..။ဘေးကဂျုံအင်ကိုကြည့်တော့လဲ..အညိုရောင်
ဆံနွယ်တွေနဲ့သူလဲနတ်သားတစ်ပါးလိုပင်..။နက်ဖန်ခါ တက္ကသိုလ်ပထမဆုံးတက်ရမယ့်နေ့မို့်..
ရူပါလာရျွိင်းကြခြင်းပင်..။
အထွေအထူးတော့မဟုတ်..saloonလာပြီး
ဆံပင်အရောင်ဆိုးကြခြင်းဖြစ်သည်..။
ကျောင်းဖွင့်တာ သုံးလေးရက်ရှိပြီဖြစ်ပေမယ့်...
မနက်ဖြန်မှပဲကျောင်းသွားမည်...။ကျောင်းတက်ဖို့အရေး..ဆံပင်ကေလာသကြသည့်သဘောပေါ့..။
"hyungရဲ့...ဘတ်ဟျွန်းhyungကတော့hyungကို
သောက်သောက်လဲကိုကြွေတော့မှာပဲ..
ကိုယ့်သူငယ်ချင်းမို့ကိုယ်ပြောတာမဟုတ်ဘူး..
ဆံပင်အဖြူဆိုးလိုက်တော့..hyungပိုချောသွားတယ်.."ကိုယ့်ရုပ်ကိုကြည့်ပြီးမာန်တက်နေပါတယ်ဆိုမှ...
ဂျုံအင်ကအားပေးအားမြှောက်လုပ်နေသည်..။အမှန်က ဆံပင်အဖြူဆိုးလိုက်တာ ကျောင်းမှာပဲများပြဖို့ဆိုတာထက်..မနက်ဖြန် ညနေကစပြီး..
တစ်အိမ်ထဲအတူတူနေရတော့မယ့်သူ့မျက်လုံးထဲမှာ..
ကျွန်တော့်ရဲ့ပုံရိပ်ကထင်းထင်းလင်းလင်းရှိချင်တာမို့..
ပုံမှန်ထက်အရောင်ထွက်အောင် ပြုပြင်နေခြင်းဖြစ်သည်..။ဒီအချိန်ရောက်ဖို့ဘယ်လောက်တောင်စောင့်ခဲ့ရတာမို့လဲ..။
ကျွန်တော်ကဆိုးသွမ်းလို့..ကျွန်တော့်ကိုထိန်းကျောင်းပေးဖို့..ဆိုပြီး.သူ့ကို..တာဝန်ပေးပါလို့လွန်ခဲ့တဲ့လပိုင်းတစ်ချို့က..
ညစာထမင်းဝိုင်းမှာ ဦးလေးအဖိုးကိုတောင်းဆိုခဲ့သည်..။