Zawgyi
လွန်ခဲ့တဲ့တစ်နှစ်လောက်က စပြီး..ကျွန်တော်တို့
squad မှာ..ပုံမှန်လုပ်လေ့လုပ်ထရှိတဲ့ အကျင့်လေးတစ်ခုပေါ်လာခဲ့တယ်..။တစ်ခြားတော့မဟုတ်ပါဘူး..။
ငယ်ငယ်လေးထဲက ဟင်းချက်အစီအစဉ်တွေကြည့်ရတာဝါသနာပါတဲ့ဂယောင်ဆူးက အခု..အထက်တန်းရောက်လာတော့..သူ့ဝါသနာကို တစ်ကယ် လက်တွေ့စမ်းသပ်တဲ့ကိစ္စ..။
ပြီးတော့ ကျွန်တော်တို့ကိုပါအငြိမ်မနေခိုင်း..။တစ်လမှာတစ်ခါတော့..သူချက်တဲ့ဟင်းတွေကို..
မြည်းစမ်းခိုင်းသည်..။သူဟင်းချက်ကျွေးမယ့်နေ့ကျရင်..ကျွန်တော်တို့အားအားမအားအား တစ်ခြား ကိစ္စတွေအားလုံးကို ပလစ်ပြီး..
နှစ်နာရီသုံးနာရီလောက်တော့ သူ့ကို အချိန်ပေးရသည်..။
ဟင်းတွေမြည်းပေးရတဲ့အပြင်..လိုအပ်တဲ့ပစ္စည်းတွေ..
shopping centre ထဲသွားဝယ်ရင်လဲ..
ကျန်တဲ့သုံးယောက်လုံးလိုက်ပေးရသည်..။ကျွန်တော်နဲ့ ဂျုံအင်လို ပွဲတိုင်းကျော် ကျောင်းသားလူမိုက်တွေက..ဒါမျိုးကိစ္စတွေလုပ်ပေးဖို့ဆိုတာ..နေအနောက်ဘက်ကနေထွက်လာမှ ဖြစ်မယ့်ကိစ္စဆိုပေမယ့်လဲ..
ဒိုဂယောင်ဆူးဆိုတော့..သိတဲ့အတိုင်း..
အားလုံးသူ့စိတ်တိုင်းကျ လုပ်ပေးလိုက်ကြသည်..။ငယ်ငယ်တည်းကပေါင်းလာတဲ့သူငယ်ချင်းလေးစိတ်ချမ်းသာပါစေ ဆိုတာကတစ်ကြောင်း..
စာမေးပွဲတိုင်း စာပေးကူးလာသည့်ကျေးဇူးရှိတာကတစ်ကြောင်း...ပြီးတော့..နောက်တစ်ခုက....
ကျွန်တော်နဲ့ဂျုံအင်လို လက်နဲ့ဆော်တဲ့လူမိုက်မဟုတ်ပေမယ့်..
အကြည့်တစ်ချက်နဲ့တင် တော်တော်လေးကြောက်ဖို့ကောင်းအောင်စွမ်းဆောင်နိုင်တဲ့ဂယောင်ဆူးအကြောင်းသိတာမို့်..
သူက လာခိုင်းရင် လာလိုက်သည်..။
မဟုတ်ရင် ကျောင်းမှာ ကျွန်တော်တို့မွှေထားသမျှ အိမ်ကဖေဖေမေမေဆီရောက်စေရမယ်လို့..
ဂယောင်ဆူးလေးက ခြိမ်းခြောက်ထားတာကိုး..။
