Zawgyi
Hyung ဖို့ထမင်းလိပ်ဝယ်ပြီး ကျောင်းထဲ အပြေးလေးလိုက်ပေးရာတွင် မျက်လုံးထဲ ကန့်လန့်ုဖြတ်ဝင်လာတာက
ကျွန်တော့် hyung ဘေးနားမှာ
တောက်တဲ့ကြီးလို ကပ်တွယ်စပြုတော့မယ့် ဟိုအမျိုးသမီး...။တစ်သက်မှာ ဒီတစ်ယောက်သာ ချစ်မိတဲ့လူမို့
သူ့ဘေးနားလာကပ်တဲ့အမှိုက်ဆိုအကြီးကြီးကအစ
အသေးလေးအဆုံးအားလုံး ကိုအပြတ်ရှင်းပစ်မည်ဟုကြံရွယ်လျက်
သူအနောက်မှာ ရောက်နေကြောင်းအသံပေးလိုက်ကာမှ
တစ်ဇာတ်လမ်းစသည်...။ဒီအဆင်နဲ့ဒီအဆင်ကို ညီအစ်ကိုတွေရယ်လို့ထင်မြင်သတ်မှတ်ရက်သည့် ထိုအမျိုးသမီးကို
သူ့ဦးနှောက်ထဲ ချီးတွေ နဲ့ပြည့်နှက်နေရမယ့်အစား
အသိတရားဝင်သွားအောင်လို့
ကိုယ်နဲ့သူဟာ ဘယ်လိုဘယ်ပုံပတ်သက်ကြောင်း
အသေအချာသက်သေထူပြလိုက်သည်....။ကျွန်တော့်အတွက် ဒီလူကို ဘုရားသခင်က လက်ဆောင်မွန်အဖြစ်ပေးအပ်ထားတဲ့သဘောများလားမသိ
သူစိမ်းတစ်ရံရှေ့မှာ သူနဲ့ကိုယ်ဟာ ချစ်သူရည်းစားတွေ
တော်စပ်ကြောင်း ရဲရဲဝင့်ဝင့်ဖွင့်ထုတ်ရာတွင်
သူသည်လည်း ရှက်ရွံတွန့်ဆုတ်ခြင်းအလျဉ်းမရှိ..။ကျွန်တော့်လက်ကို မြဲမြဲဆုပ်ကိုင်ပြီး.....
ကျွန်တော်တို့နှစ်ယောက်ရဲ့ဖြစ်တည်မှု အရှိကိုအရှိအတိုင်း
ဝင့်ကြွားစွာဖြင့်ဖော်ထုတ်ပြနေရာတွင်....
ကမ္ဘာလောကကြီးတစ်ခုလုံး ကျွန်တော့်ခြေဖ၀ါးအောက်ရောက်ရှိလာသည့်အတိုင်း ခံစားလိုက်ရသည်...။အချေဆိုတဲ့ဂုဏ်ပုဒ်ကိုမှမထောက် သူ့ခြေတော်ရင်း
ဝပ်တွားပြီး ဖွဲ့ဖွဲ့နွဲ့နွဲ့လေး ဖွင့်ထုတ်ပြောဆိုခဲ့ရတာတွေက..
အားလုံးထိုက်ထိုက်တန်တန်ဖြစ်သွားသလိုမျိုး....။ကလေးနဲ့ရည်းစားလုပ်နေရတာကိုလဲ ရှက်ရွံခြင်းအလျဉ်းမရှိ..။
ယောက်ျားလေး အချင်းချင်းရည်းစားလုပ်နေရလို့ဆို
ပြီးလဲ
ရှက်ရွံ့ခြင်းတစ်စိုးတစ်စိမှမရှိစွာ ပင် ဤဗြောင်ဘတ်ဟျွန်းသည်
ကျွန်တော့်လက်ကို ခပ်တင်းတင်းလေးဆုပ်ကိုင်ပြီး
ကျွန်တော့်မျက်နှာကို ပြုံးပြုံးလေး ကြည့်ကာ
ပြောလိုက်သည့်ပုံက...