Zawgyi
ရာသီဥတု သာယာနေသည့် ညနေခင်းအချိန်အခါမှာ..
ဘောလုံးကွင်းထဲ ပတ်ပြေးနေကြတဲ့ကျောင်းသူကျောင်းသားတွေရယ်..။ပြီးတော့ သူတို့ကို ဘေးကနေ လိုက်လံကြပ်မတ်ပေးနေသည့် အားကစားဝတ်စုံ ၀တ်ဆင်ထားပေမယ့်
ချစ်ဖို့ကောင်းနေဆဲ ဖြစ်နေသေးတဲ့ဆရာရယ်..။ဘောလုံးကွင်းကို ရှင်းရှင်းလင်းလင်းမြင်ရတဲ့..
အပြင်ဘက်မှာတင်ထိုင်ကြည့်လို့ရတဲ့လှေကားထစ်လေးတွေ ရှိပါရက်..
အဲ့နေရာမှာ သွားထိုင်ကြည့်နေရင်..
တစ်ခြားကျောင်းကမှန်းသိသာစေတဲ့ ကျောင်းယူနီဖောင်းရယ်..ပြီးတော့ ကိုယ့်ရုပ်ကိုယ့်ရည်က အဲ့နားမှာတစ်ယောက်ထဲ
သွားထိုင်နေကြည့်ပါလား..။
ကွင်းထဲက ကျောင်းသူတွေခဏခဏ လှမ်းလှမ်းကြည့်ပြီး
မျက်စိတောင်မှိတ်ပြလောက်မယ့်အထိ ချောမောပြီး
ထင်းထင်းလင်းလင်းရှိတာဆိုတော့ကာ..မဖြစ်..။
ဆရာ့မျက်လုံးထဲ သတိထားမိသွားမည်..။အဲ့တာကြောင့် ဘောလုံးကွင်းနဲ့မျက်နှာချင်းဆိုင်က
အဆောင်ပေါ်ကနေ ပဲ..ကိုယ်ကသူ့ကိုမြင်ရ..
သူကကိုယ့်ကိုမမြင်ရ အနေအထားကပဲစိတ်တိုင်းကျ
လှမ်းရှိုးနေလိုက်သည်...။အလုံပိတ်မှန်တွေကာထားတာမို့ သက်သက်ကြီးမော့ကြည့်မနေရင်..ဘယ်လိုမှ သတိမထားမိတဲ့နေရာ..။
ကျောင်းဆင်းပြီးတာမို့ လူတွေလဲသိပ်မရှိတော့..။အမေခိုင်းထားတာရှိလို့ဆိုပြီးဟိုသုံးယောက်ကို ဂျင်းထည့်ခဲ့ရတာနဲ့တန်အောင်..အနီရောင်အကျီရယ်..
ဆံပင်အမဲလေးတွေရယ်နဲ့အတူ..
ဘောလုံးကွင်းထဲမှာ လွင့်နေသည့်..
သူ့ကို မျက်လုံးခွာမရအောင်..အသေအချာငေးကြည့်နေလိုက်သည်..။မိန်းမလှတွေ အများကြီးကြုံဖူးပေမယ့်..
သူကတော့..သူများနဲ့မတူသလို...။
တစ်စတစ်စနဲ့ ရင်ထဲ စိမ့်ဝင်လာသလိုမျိုး...။