"ငါ့ဘက်က မင်းကိုအရင်confess လုပ်အောင် ဟုတ်လား..?
ပတ်ချန်းယောလ်.. မင်းတစ်ချက်စဉ်းစားကြည့်စမ်းပါ..
အဲ့တာ ဖြစ်နိုင်သလား..!?""မဟုတ်ပါဘူး..ကျွန်တော် hyungကိုနစ်နာစေချင်တဲ့သဘော လုံးဝမပါပါဘူး..ကျွန်တော်ပြောတာ တစ်ချက်နားထောင်ကြည့်နော်..hyung.."
"ဘာ..!? နစ်နာစေချင်တဲ့သဘောမပါဘူး ဟုတ်လား..
အဲ့ရက်ပိုင်းတုန်းက ငါဘယ်လောက်
စိတ်ညစ်ခဲ့ရလဲ မင်းသိလား..
မျက်ရည်နဲ့မျက်ခွက်မဖြစ်ရုံတမယ်ပဲကွ..!"Kyung Soo တို့ပြောပြလို့ ဒင်းရဲ့ ချေပုံချေနည်းတစ်အုပ်တစ်မကြီးကိုသိလိုက်ရပြီးသကာလ..
အဲ့ကော်ဖီဆိုင်မှာတင် နားရင်းပိတ်တီးလိုက်ချင်တဲ့စိတ်တွေအသာထိန်း..အိမ်ရောက်ခါမှ..ဒေါသတွေအကုန်စုပြုံချမိလိုက်သည်..။
အခုမှ တွဲခါစရည်းစားပူပူနွေးနွေးလဲမသိတော့..
ကိုယ်အရမ်းချစ်လို့တွဲထားတဲ့ရည်းစားဆိုတာလဲမသိတော့..သူစိတ်ပျက်သွားမှာလဲ မစိုးရိမ်တော့...။
တစ်ကယ်...ဒီကိစ္စက စိတ်ဆိုးတယ်ဆိုတာထက်..
ဘယ်လိုပြောရမလဲ..စိတ်မကောင်းဖြစ်သွားတယ်ဆို ပိုမှန်မယ်ထင်တယ်...။သူ့ဘာသူ ဘယ်လောက်ချေချေလေ..။
ဟိုကလေး တွေပြောတာတော့..သူလဲ အစတည်းက ကျွန်တော့်ကိုသဘောကျနေခဲ့တာတဲ့..။
အဲ့တာဆို သူလုပ်ပုံကောင်းသေးရဲ့လား...။သူကတော့သူ့အကြံအစည်တွေ တပွေ့တပိုက်နဲ့..
ကျွန်တော့်ကိုပျော်ပျော်ကြီး အရူးလုပ်ခဲ့ရလို့ပျော်ကောင်းပျော်နေလိမ့်ပေမယ့် ကျွန်တော်ကတော့...မပျော်နိုင်..
အဲ့တုန်းက အရူးတစ်ပိုင်း ဖြစ်ခဲ့ရတာမလား..။တစ်ကယ်..လုံးဝမကျေနပ်နိုင်ဘူး...။
"ငါတို့..မနက်ဖြန်မနက် ..မဟုတ်ဘူး..ညနေအထိ..
မဟုတ်သေးပါဘူး..နောက်
နှစ်ရက်သုံးရက်အထိမတွေ့ပဲနေရအောင်.."