7...

3.5K 641 98
                                    

Zawgyi

သူငယ်​ချင်း​လေး​ယောက်​မဆုံတာကြာပြီမို့
အားလုံးအားလပ်​တဲ့ပိတ်​ရက်​က​လေးမှာ..
နေ့လည်​ဘက်​ datingလုပ်​ကြသည်​..။

dating ဆိုလို့အ​ထွေအထူး​တော့မဟုတ်​..။
shopping centre တစ်​ခုခုသွားပြီးလိုတာ​တွေဝယ်​..
ဗိုက်​ဆာလာရင်​ တစ်​ခုခုဝယ်​စားစသဖြင့်​သာ..။

အခုလဲ ​ရောက်​ကတည်းက ရှိရှိသမျှအထပ်​​တွေအကုန်​ပတ်​​မွှေကြပြီးသည့်​သကာလ..​ဟောင်း​လောင်းဖြစ်​လာ​သော ​ဗိုက်​ကိုဖြည့်​တင်းရာအတွက်​..
မုန့်​ဆိုင်​တစ်​ဆိုင်​ထဲ ၀င်​စားကြသည်​...။

ကျွန်​​တော်​က​တော့..ဗိုက်​ဆာ​နေလို့စားစရာရှိတာ မြန်​မြန်​စားပြီး​အချိုတည်းသည့်​အ​နေနဲ့..စုပ်​လုံးတစ်​လုံးကို
အေး​အေးလူလူစုပ်​​နေသည်​...။

ဟို​ကောင်​​တွေက​တော့ မုန့်​စားတုန်း..။

"ငါက..ဆံပင်​အဖြူ​ရောင်​ဆိုးလိုက်​မှ..တကယ်​​ချောသွားတာ.."

"ဂ​ယောင်​ဆူးhyung..ဖြစ်​နိုင်​ရင်​..လိုက်​မသွားပါနဲ့လား..
ကျွန်​​တော်​စိတ်​မချဘူး..သူကဘ၀င်​ရူးရူး​နေတာ..
hyungပါကူးသွားဦးမယ်​.."

"​အော်​..! ငါ့ကိုသူများရူးတိုင်းလိုက်​ရူးမယ်​များထင်​​နေလား.."

ဖုန်းကscreenအမဲကိုကြည့်​ပြီး..ဆံပင်​​လေးသရင်း
စုပ်​လုံးစုပ်​ရင်းနဲ့..ကိုယ့်​ဘာသာကိုယ့်​ရူပါကို..
မာန်​တက်​​နေတာကို..အလိုလို​နေရင်းကြည့်​မရဖြစ်​​နေကြ​သော
သူငယ်​ချင်းမကရည်းစားမကျနှစ်​​ယောက်​...။

နောက်​နှစ်​ရက်​​နေရင်​..​ကျောင်းကလူ​တွေနဲ့..
မိဘမဲ့​ကျောင်းတစ်​​ကျောင်းမှာ..အချိန်​ပိုင်းစာသွားသင်​​ပေးရမှာမို့...ဒီ​နေ့ည ဂ​ယောင်​ဆူးကိုအိမ်​​ခေါ်ပြီး
အလယ်​တန်းတုန်းကစာ​တွေကို..
ပြခိုင်းထားတာမို့..ဂင်​ဂျုံအင်​တစ်​​ယောက်​ကျွန်​​တော့်​ကိုဂျိုကစ်​​နေခြင်းပင်​..။

စာပြတာများ..သူပါလိုက်​ခဲ့မယ်​လုပ်​​နေလို့မနည်းတားထားရသည်​..။
သူလိုက်​တာကအ​ကြောင်းမဟုတ်​​ပေမယ့်​..
ကျွန်​​တော့်​မှာက Day-2 plan ​လေးရှိတယ်​မလား..။

SunflowerWhere stories live. Discover now