ZawgyiRecall ပြန်မခေါ်ပေးတော့ဘူးနော် ..
မနက်ဆိုရင် Chan Yeollieဆီက အနမ်းလေးတစ်ပွင့်နဲ့အတူ အိပ်ရာနိုးထပြီး ညဆိုရင်လဲ သူ့ဆီက အနမ်းလေးတစ်ပွင့်နဲ့ပဲ အိပ်ရာဝင်ခွင့်ရနေသည့် Baek Hyun ရဲ့
နေ့စဉ်ဘ၀ကလူဖြစ်ရကျိုးနပ်လွန်းသည်ဟု တွေးနေမိတာကိုတော့ အထူးပြောနေဖို့မလိုတော့ဘူးထင်...။အချေကောင်ဆိုးလေးတစ်ယောက်ကဒီလောက်တောင်မှပဲ ချစ်တတ်သလားလို့ထင်မှားရလောက်တဲ့အထိ..
ချေတာမိုးတာတွေ ဘာမှ မရှိတော့ပဲ သူ့ကမ္ဘာကြီးထဲမှာ ကိုယ်တစ်ယောက်တည်း ရှိနေသလိုမျိုး..
ကိုယ့်မျက်နှာကိုသာ ကြည့်သည်...
ကိုယ့်ကိုသာ ဂရုစိုက်သည်...
ကိုယ်လိုသမျှတွေကိုသာ ဖြည့်စွမ်းပေးသည်...။အငယ်နဲ့တွဲရင် ကိုယ့်ဘက်ကအရာရာဦးစားပေးလိုက်လျောဖြည့်ဆည်းပေးရတတ်တယ်လို့ ကြားဖူးပေမယ့်
သူကတော့ ကိုယ့်ကိုသာ အရာရာဦးစားပေးတတ်လွန်းသည်...။မုန့်စားဖို့ရွေးကြရင်တောင်hyung ကြိုက်တာပဲစားလို့ဦးစားပေးတတ်သည့်ကောင်ကလေး...။
သိပ်ကိုချစ်ဖို့ကောင်းသည်..။
အခုလဲ သူ့ရဲ့နေ့စဉ်နေ့တိုင်းထမ်းဆောင်နေကျတာဝန်တစ်ခုကို မပျက်မကွက်ထမ်းဆောင်ပေးရင်း..
ကျောင်းပေါက်ဝအထိလိုက်ပို့ပေးပြန်လေသည်...။"hyung..သိလား..?"
"omm.."
အကျီင်္လည်အပိတ်လေးဝတ်ထားတာမို့ကြည့်ကောင်းနေသည့်Yeollieလေးက ဆောင်းရာသီရဲ့မနက်စောစောအချမ်းဒဏ်ကိုခံနိုင်ရန် လောင်းကုတ်အရှည်ကြီးကိုပါထပ်ဝတ်ထားတော့ အရမ်းကိုကြည့်ကောင်းနေသည့်ကောင်ကလေး...။
ကိုယ့်အပိုင်မှန်းသိပေမယ့်ကိုယ့်လူကိုယ်ပြန်ကြွေတယ်ပဲပြောရမလား..။
မြင့်မားတဲ့အရပ်ကြီးနဲ့ လိုက်ဖက်ညီစွာ ၀တ်စားထားသော အဆင်အယင် ...
ချောမောတဲ့မျက်နှာသွင်ပြင်..
ကြည့်ကောင်းတဲ့ဆံပင်စတိုင်နဲ့...ဒီကောင်ကလေး
ကျွန်တော့်မျက်လုံးထဲ သိပ်ကိုပြီးပြည့်စုံလွန်းသည်..။