Zawgyi
Hi ..long time no see..!
မှတ်မိကြရဲ့လားမသိ
မမှတ်မိလဲ ကိုယ့်ဘာကိုယ်ပဲrecallခေါ်လိုက်တော့နော် 😆😆😆ရုပ်ရှင်အပြီး ည၉ခွဲကျော်နေပြီဖြစ်ပေမယ့် Chan Yeollieက အိမ်မပြန်သေးပဲ တစ်နေရာသွားဦးမယ်ဆိုတော့လဲ သူ့သဘောကျပေါ့...။
ကျွန်တော်ကတော့ ရုပ်ရှင် နှစ်နာရီကျော်လောက်ထိုင်ကြည့်လိုက်ရလို့ရော လည်ထားပတ်ထားရလို့ရော ညောင်းချိနေလို့ အိမ်ပြန်နားတော့မယ်တွေးပေမယ့် ကောင်လေးက စိတ်အားတက်တက်ကြွကြွနဲ့တစ်နေရာလိုက်ခဲ့ဦးခေါ်နေလေတော့ သူ့လက်ကလေးမြဲမြဲတွဲပြီးသူခေါ်ရာလိုက်ခဲ့လိုက်သည်..။
သူ့ကားအကောင်းစားကြီးကိုအိမ်မှာထားပစ်ခဲ့ပြီး
တစ်နေကုန်ဘတ်စ်ကားနဲ့ဒိုးနေရတာဆိုတော့အခုလဲ သူခေါ်တဲ့နေရာကို ဘတ်စ်သာစီးလာခဲ့ရသည်...။ညအချိန်ဖြစ်တာမို့ ဆိုးလ်မြို့ရဲ့လမ်းမကြီးတွေထက် ကားမီးရောင်တစ်ထိန်ထိန်နဲ့ ကားတွေကို တစ်စုတစ်ဝေးမြင်တွေ့ရပြီး လမ်းမပေါ်မှာလဲ ကျွန်တော်တို့လို အတွဲကိုယ်စီနဲ့လျှောက်သွားနေကြတဲ့လူတွေလဲ ရှိသလိုမိသားစုလိုက် လမ်းလျှောက်နေကြသူတွေလဲရှိသည်..။
အိမ်ပြန်ချိန်ဖြစ်တာမို့ တစ်နေ့တာလုံးပင်ပန်းခဲ့သမျှ ကိုယ့်လူနဲ့ကိုယ်
တစ်ခုခုစားသောက်၍
ဖြစ်စေ နှစ်သက်ရာပစ္စည်းတစ်မျိုးမျိုးဝယ်ယူ၍ဖြစ်စေ
အခြားကိုယ်နှစ်ခြိုက်ရာတစ်ခုခုလုပ်၍ဖြစ်စေ
အပန်းဖြေအနားယူနေကြသည်..။တစ်မြို့လူံးမီးထိန်ထိန်လင်းနေကာ shopping centerကြီးများကလဲ စည်ကားလှသလို လမ်းမပေါ်တွေမှာလဲ စားသောက်ဆိုင်များ အ၀တ်အထည်ဆိုင်များစွာနှင့်
ွှစည်ကားလွန်းသည်..။နေ့ဘက်အချိန်တွေထက် Baek Hyun ကတော့ ညဘက်ကိုပိုသဘောကျသည်..။
