Zawgyi
လူဆိုတာ ကိုယ်မြတ်နိုးရတဲ့သူတွေဆီကနေ ငြိုငြင်မှုသေးသေးလေးတောင် မခံယူချင်တဲ့ အမျိုးတွေမလား..။
အဲ့လိုပဲ Chan Yeolလဲ ကိုယ်ရှုပ်ထားတဲ့ အရှုပ်ထုတ်တွေ ကိုBaek Hyun hyung သိမှာစိုးလို့
ရှိရှိသမျှလူတွေအကုန်နှုတ်လိုက်ပိတ်နေရသည်..။နှုတ်ပိတ်နေရတယ်ဆိုလို့ အရမ်းကြီးကျယ်တာတော့လဲ မဟုတ်ပြန်...။
စာမေးပွဲခန်းထဲမှာ ဘောပင်ငုံ့ကောက်ရင်းနဲ့မတော်တဆ
တွေ့ခဲ့ရတဲ့
အချစ်အတွက်..အဲ့အချစ်နဲ့နီးဖို့အရေး..
သူ့ဘေးနား ကိုယ့်ဘေးနားရှိသမျှလူအကုန်ပတ်ပတ်လည် အပူကပ်ခဲ့သမျှတွေကို ပြန်ရှင်းနေခြင်းသာ....။Baek Hyun hyungနဲ့အတူတူနေရဖို့အရေးဆိုပြီး
appaတို့ommaတို့ကိုအပူကပ်ခဲ့သလို..
hyungနဲ့လည်ပင်းဖက်ပေါင်းကြတဲ့ Tao ဆိုတဲ့အစ်ကိုကြီးကိုလဲ...game ဆိုင်ပိတ်ခိုင်းပြီး
တရုတ်ပြည်ပြန်ပေးဖို့အထိ တောင် hyungရဲ့အဖေ
ကိုအပူကပ်ပြီးအကူအညီတောင်းခဲ့တာမလား.။အဲ့အစ်ကို မရှိမှ...သူ့အိမ်လဲ ပြန်သွားမနေချင်တဲ့hyungက
ကျွန်တော်နဲ့အတူတူနေမယ့်အစီအစဉ်ကို လက်ခံမှာမို့
အဲ့တုန်းကကြံမိကြံရာ ကြံခဲ့မိခြင်း...။အဲ့အချိန်တုန်းကတော့ အဆင်ပြေနေခဲ့ပေမယ့်..
အခုကျ သူတို့သူငယ်ချင်းအချင်းချင်း စကားပြောရင်းဆိုရင်းနဲ့ မင်းကောင်လေးကလေ ဒီလိုဒီလိုဆိုပြီး..
ကျွန်တော် ကအရင်ဒီဇာတ်လမ်းကိုအစအဆုံး
ရေးဆွဲ ခဲ့တဲ့အကြောင်း Tao hyungကပြောပြမိသွားရင်ဆိုပြီး..အင်း...သိသွားရင်လဲ Baek Hyun hyungက
အဲ့လောက်ကြီးစိတ်ခုမှာ မဟုတ်ဘူးဆိုပေမယ့်..
ဘာပဲဖြစ်ဖြစ်...
ဆူးညှောင့်ခလုတ်သေးသေးလေးတောင်အဖြစ်မခံနိုင်တာမို့..
နောက်လ ဆို ကိုရီးယားပြန်လာတော့မယ်ဆိုတဲ့သတင်းကြားတာနဲ့ Tao hyung ဆီ အပြေးအလွှား အဆက်အသွယ် လုပ်မိသည်..။
![](https://img.wattpad.com/cover/187155409-288-k392054.jpg)