11..

3.3K 587 51
                                    

အရင်​​တုန်းကလဲ ​ခေါင်းမ​ထောင်​နိုင်​တဲ့အထိအရက်​​တွေ​သောက်​ဖူးခဲ့​ပေမယ့်​..ဒီ​နေ့​တော့ခါတိုင်းနဲ့မတူ..။

ညတုန်းက မူးမူးရူးရူးနဲ့​ပြောချင်​ရာ​ပြောခဲ့တာ​တွေကို
သတိရပြီး..ရှက်​​နေရသည်​...။

/ ချန်း​ယောလ်​က ​ချောတယ်​../

/ချန်း​​ယောလ်​ နား ​ကောင်မ​လေး​တွေကပ်​တာမကြိုက်​ဘူး..! /

"​သေပါပြီ..ဘတ်​ဟျွန်းရယ်​..ဟိုကသိ​တော့မှာပဲ..."

မ​နေ့ညက အဖြစ်​အပျက်​​တွေတစ်​ခုချင်းစီ ​ရေ​ရေရာရာ..
ခေါင်းထဲပြန်​​ပေါ်လာရာတွင်​..
သွားတိုက်​မည့်​အ​ရေး ​ရှေ့ဆက်​မတိုးနိုင်​ပဲ..

ကိုယ့်​​ခေါင်းကို ထူ​နေရသည်​..။

အရက်​မူးရင်​ စိတ်​ထဲမှာ ရှိ​နေတာ​တွေအားလုံး​ပေါ်ကုန်​သည်​တဲ့..။

တော်​ပါ​သေးရဲ့..ရှိရှိသမျှအားလုံးမဖွင့်​ချမိလိုက်​​သေးခင်​..
မူးပြီးအိပ်​​ပျော်​သွား​ပေလို့ပဲ..။
မဟုတ်​ရင်​..အ​ချေ​ကောင်​​လေး​ရှေ့မှာ..ကျွန်​​တော့်​ဘ၀​တော့ မ​တွေးရဲစရာ....။

မ​နေ့ညက club သွားရင်​ သူ့ကို​ခေါ်လို့​ပြောတာမို့..
အ​ပျော်​လုံးဆို့ပြီး..အခုချက်​ချင်းသွားဖို့
မ​နေနိုင်​မထိုင်​နိုင်​​ခေါ်မိလိုက်​သည်​..။

ဟို​ရောက်​​တော့လဲ..အဲ့ကထုံးစံအတိုင်း ​ကောင်​မ​လေး​ချော​ချော​တွေလာကပ်​တာကို..
အတင်းကြီးမလိုလားတဲ့ပုံစံမျိုးလုပ်​မိသွားတာမို့...

သူနဲ့လဲ ဘာမှမ​တော်​ပဲ..ချုပ်​ချယ်​တယ်​ဖြစ်​မှာစိုးလို့..
ထိန်းထိန်းသိမ်းသိမ်း​နေမယ်​ စဉ်းစားခဲ့​ပေမယ့်​..
စိတ်​ထဲကခံစားချက်​​တွေကို..အရက်​နံ့စူးစူး​တွေကြားထဲ
တစ်​ပိုင်းတစ်​လန်းထုတ်​​ပြောမိခဲ့တာမို့..
တော်​​တော်​​လေးရှက်​​နေရတယ်​လို့ပဲ​ပြောရမလား..။

သူ့ဘက်​ကကိုယ့်​ကို..အစ်​ကိုတစ်​​ယောက်​လိုရိုးရိုးသားသားပဲ သ​ဘောထား​နေတာကို...။

SunflowerTahanan ng mga kuwento. Tumuklas ngayon