Zawgyi
"အမူးပြေပြီလား..လာမေးတာ.."
"အင်း..နည်းနည်းတော့ခေါင်းအုံနေသေးတယ်..
မနေ့ကအိမ်ထဲခေါ်လာပေးတာ ကျေးဇူးပဲနော် ချန်းယောလ်.."အခန်းတံခါးလက်ကိုင်ဘုကိုလှည့်ပြီး ဂျက်ချထားလား
မချထားလား စူးစမ်းနေတုန်း ရုတ်တရက်ပွင့်လာတဲ့တံခါးကြောင့် လန့်သွားပေမယ့်လဲ စတိုင်မပျက်ပြန်နေနိုင်လိုက်သည်...။ခေါင်းအုံတာမပြေသေးပေမယ့်လဲ..ရေချိုးသန့်စင်ထားပုံရတာကြောင့် ချောမွေ့သန့်စင်နေသည့်မျက်နှာလေးက
တော်တော့်ကြည့်ကောင်းနေသည်..။
ကိုယ့်ဘက်မှာလဲ အိမ်ထဲမ၀င်ခင် ဆံပင်ဖြူဖြူကို
ဟိုသပ်ဒီသပ် လုပ်လာတာမို့တော်တော်လေး
ကြည့်ကောင်းနေလိမ့်မည်..။မဆိုးပါဘူး..ကျွန်တော်ကချောတယ်..။
သူကချစ်ဖို့ကောင်းတယ်..။
နောက်ကျအတွဲဖြစ်သွားရင် မြင်သူတကာငေးတဲ့နေနဲ့လ
ရွှေနဲ့မြအတွဲလေးဖြစ်မှာ ..။"ချန်းယောလ် Ice coffee သောက်မလား..
hyung ကော်ဖီမှုန့်တွေဝယ်ထားတယ်..
ဒီရာသီဥတုလေးနဲ့ Ice coffee နဲ့ဆိုကွက်တိပဲ..
hyung သွားဖျော်လိုက်မယ်နော်.."အဖြေတောင်မစောင့်ပဲ လုံးတုံးလုံးတုံးနဲ့မီးဖိုချောင်ထဲ.၀င်သွားတဲ့crushချောလေးကြောင့် ..
ကျွန်တော့်မှာ မျက်လုံးလေးကလယ်ကလယ်..။
ဝတ်ကျေတန်းကျေသဘောမျိုးမေးပြီးရင်
ကိုယ့်အခန်းထဲကိုယ်ဝင်အောင်းပြီး..
သူ့ကိုထပ်ပြီးဂရုမစိုက်တဲ့ပုံလုပ်ပြမလို့ကို..။သူcoffee သောက်ချင်နေလို့သူများကို ဘလိုင်းကြီး
အဖော်ညှိသွားတာ..အသိသာကြီး...။အစက ကော်ဖီမယူတော့ပဲ အခန်းထဲ ၀င်ပြီး..ချေပြမလို့စိတ်ကူးလိုက်ပေမယ့်လဲ..
ချေပြချင်တာထက်..သူ့ဘေးနားလေးကပ်နေချင်စိတ်က ပိုများသွားတာမို့..
ဧည့်ခန်းကဆိုဖာပေါ်မှာ သွားထိုင်စောင့်နေလိုက်တယ်..။