ည ၁၀ နာရီ လေးဆယ့်ငါး...
ဒီနောက်ပိုင်း ကျောင်းမှာအားကစားဆရာ လုပ်နေရာကနေ..
အထက်တန်းပထမနှစ် မှာသင်္ချာဆရာလိုနေတယ် ဆိုတာနဲ့ ၀င်လုပ်လိုက်တော့..
အလုပ်တွေအရင်ထက်နှစ်ဆတိုးလာသည်...။အရင်ကဒီလိုညပိုင်းတွေဆို game ပွဲတွေမှာအချိန်ဖြုန်းခဲ့ပေမယ့် အခုတော့ကျောင်းသူကျောင်းသားတွေရဲ့
တွက်ချင်ရာတွက်ပြီးစာအုပ်ထပ်ထားကြတဲ့သင်္ချာစာအုပ်တွေကြား အမှတ်ခြစ်ခြင်းဖြင့် အချိန်ကုန်နေရသည်..။တစ်ချို့ဆိုဘာတွေတွက်ထားလို့တွက်ထားမှန်းမသိ..
စိတ်လဲညစ်ရသလို ရယ်လဲ ရယ်ရသည်..။ဘာပဲဖြစ်ဖြစ် အိမ်ကအဖေသဘောကျ တည်တည်ရရ
ကျောင်းဆရာအလုပ်လေးလုပ်နေတော့..
သားလိမ္မာလေးဖြစ်နေပြီဆိုပြီး ဒီနောက်ပိုင်းအဆူအပြောက
လွတ်ပြီး နားငြီးသက်သာနေတာက အမြတ်ကလေးပေါ့..။အဲ့တာထက် အခုညကိုးနာရီလေးဆယ့်ငါးဆိုတော့ကာ..။
အင်း ..နောက်ထပ်ငါးမိနစ်လောက်ဆိုရင် ၀င်ကောင်းဝင်လာတော့မယ့် အမှန်က ၀င်ကိုဝင်လာမယ့်...
ဟိုဘက်အခန်းက ကောင်လေး..
အတိအကျပြောရရင် ပတ်ချန်းယောလ် အမည်ရတဲ့ ကျွန်တော့်ရည်းစားကောင်ကလေး..။ဘာလုပ်တာလဲတော့မသိ..အဖြေပေးပြီးနောက်နေ့ကတည်းကစပြီး ညကိုးနာရီမိနစ်ငါးဆယ်ဆိုရင်..
သွားအဖြီးသားနဲ့
ကျွန်တော့် အခန်းထဲ ရောက်ရောက်ချလာတာပဲ...။ခေါင်းအုံး
ကတော့ ဒီမှာ အမြဲတမ်းအိပ်မှာဆိုတော့ပြန်ယူမသွားတော့ပါဘူးဆိုပြီး သူ့ခေါင်းအုံးကြီးကျွန်တော့်အခန်းထဲ လာထားထားတာ ကြာရောပေါ့...။ဘာလုပ်မှန်းလဲမသိ..သူများကုတင်ကျပ်ကျပ်ရပ်ရပ်မှာ..
သူ့အရပ်ကြီးကလန်ကလားနဲ့..အတင်းပူးကပ်ပြီး လာလာအိပ်နေတာ...
သူ့သူငယ်ချင်း ဂျုံဒဲနဲ့ဂျုံအင်နှစ်ယောက်ထဲက ဘယ်သူမြှောက်ပေးလိုက်လဲမသိပါဘူး..။
