15...

3.2K 497 30
                                    

နားထဲ ကျလိကျလိနဲ့တိုးဝင်​လာတဲ့ငှက်​က​လေး​တွေအသံ​ကြောင့်​ ​တော်​​တော်​​လေး​စော​သေးတယ်​ဆိုပြီး
ပြန်​အိပ်​မယ်​ပြင်​လိုက်​​ပေမယ့်​..ခါး​ပေါ်မှာ တင်းတင်းကျပ်​ကျပ်​ဖိထားတဲ့တစ်​စုံတစ်​ခုရယ်​..
ပြီး​တော့နားရွက်​အ​နောက်​ဖက်​ဆီက​နေ..၀င်​​လေထွက်​​လေမှန်​မှန်​ရှူ​နေသည့်​အသက်​ရှူသံတစ်​ခုရယ်​​ကြောင့်​..
ဦး​နှောက်​တစ်​ခုလုံး blurဖြစ်​သွားပြီး..ဒါဘယ်​လိုအ​ခြေအ​နေမျိုးမှာ ​ရောက်​​နေလဲ အသည်းအသန်​စဉ်းစားရသည်​..။

ခါး​ပေါ်က​..​လေး​လေးပင်​ပင်​အရာကိုအတင်းဆွဲယူကြည့်​​တော့..လက်​ဖြူဖြူတစ်​စုံကို​တွေ့လိုက်​ရသည်​..။

အထိတ်​ထိတ်​အလန့်​လန့်​နဲ့​နောက်​လှည့်​ကြည့်​လိုက်​တဲ့အခါကျမှ..ကို​ယ်​ဘယ်​​နေရာ​ရောက်​​နေမှန်း..
ဘယ်​သူနဲ့အတူရှိ​နေမှန်း​သေချာသိလိုက်​ရပြီးတဲ့​နောက်​..
မ​နေ့ညကအဖြစ်​အပျက်​တို့ကိုတန်းစီပြန်​မှတ်​မိလာသည်​..။

အဲ့တာနဲ့ထပ်​တူပဲ..အသက်​ရှူသံပြင်းပြင်းနဲ့အိပ်​​မောကျ​နေသည့်​ ​ကောင်​ငယ်​​လေးရဲ့နှာ​ခေါင်းထိပ်​ဖျားကို
အသာတို့ထိကြည့်​မိသည်​...။

ဒါအိမ်​မက်​လား..တစ်​ကယ်​လား..?

သီချင်းဆိုကြည့်​​နေတာလို့မထင်​ကြပါနဲ့..။ကျွန်​​တော်​တစ်​ကယ်​မယုံနိုင်​ဖြစ်​​နေလို့ပါ...။
ဒီအ​တောအတွင်း ကျွန်​​တော့်​ဘက်​က​သေ​လောက်​​အောင်​တစ်​ဖက်​သတ်​ကြိတ်​​ကြွေခဲ့ရ​ပေမယ့်​ မသိတဲ့အပြင်
အဖက်​မလုပ်​ဂရုမစိုက်​တဲ့အ​ကောင်​ဆိုး​လေးက..
အခုကျွန်​​တော်​နဲ့တစ်​ကုတင်​တည်း လာအိပ်​​နေသည်​..။
ပြီး​တော့..ကျွန်​​တော်​နဲ့သူနဲ့ဆက်​ဆံ​ရေးက..
official ချစ်​သူ​တွေ...။

တာအိုနဲ့အ​မေ့ကို ပတ်​ကြွားခဲ့တာ​တွေပါ..ပြန်​သတိရမိပြန်​​တော့...ပြုံးမိတာ မရပ်​နိုင်​​တော့...။

တစ်​ကယ်​..ဒီပတ်​မျိုးနွယ်​က..အခုထဲကကို..ကျွန်​​တော့်​ရဲ့​ပျော်​ရွှင်​မှု ၀မ်းနည်းမှုဆိုတာ​တွေရဲ့ပဲ့ကိုင်​ရှင်​ဖြစ်​​နေတာပဲ...။

SunflowerWhere stories live. Discover now