6..,

3.5K 614 31
                                    


Zawgyi

Day 1 plan..,

"ဘာဝယ်​ခဲ့ရမလဲ..? အိမ်​မှာစားဖို့ဘာရှိလဲ..?"

ဤသည်​ကား...ဒီ​နေ့မှ အတူတူစ​နေရမှာ​ပေမယ့်​..
အခုကတည်းက..​ဗြောင်​ဘတ်​ဟျွန်းအမည်​ရသည့်​ထိုလူ့ရင်​ထဲမှာ..ကျွန်​​တော့်​ကို ထဲထဲဝင်​၀င်​မှတ်​မိသွား​စေမယ့်​ပထမဆုံး​ခြေလှမ်းအစပင်​...။

ဖြစ်​နိုင်​ရင်​..သူရှိသည့်​ဒီအိမ်​ထဲမှာပဲ..စက္ကန့်​မလပ်​အတူတူ​နေချင်​​ပေမယ့်​...
လူဆိုး​ကောင်​​လေးလိုအ​ယောင်​​ဆောင်​ထားတာမို့...
အိမ်​​ရောက်​တာနဲ့ အပြင်ပြန် ထွက်​ဖို့
ု့လမ်းရှာ​နေခြင်းဖြစ်​သည်​..။

အဲ့တာကလဲ ထူးထူးဆန်းဆန်းမဟုတ်​...။

ဂ​ယောင်​ဆူးအ​ဖေနဲ့အ​မေ ဒီတစ်​ပတ်​လုံးခရီးထွက်​သွားတာ​ကြောင့်​..သူ့အိမ်​မှာ သွားအိပ်​ ဖို့ပင်​...။

ဂျုံအင့်​ကိုပါ​ခေါ်ထားပြီး အိမ်​ရှင်​ဂ​ယောင်​ဆူးအကြိုက်​ ဟင်းချက်​စားဖို့ချိန်းထားခြင်းဖြစ်​သည်​..။
ဂျုံဒဲတစ်​​ယောက်​က​တော့ အစ်​ကိုကြီးမင်​​ဆော့နဲ့ dateဖို့ချိန်းထားလို့ဆိုပြီး မလာ..။
ဒီလိုဆို​တော့လဲ ဂျုံဒဲကဘယ်​ဆိုးလို့လဲ..။
အထက်​တန်း တစ်​​လျှောက်​လုံး စပ်​စလူးနတ်​ပူး​နေခဲ့တာကို
အစ်​ကိုကြီးမင်​​ဆော့ကသနားဂရုဏာသက်​​နေပြီထင်​ပါရဲ့..။

ထားပါ..သူငယ်​ချင်း​ပျော်​​နေရင်​ ကျွန်​​တော်​လဲ ​ပျော်​ပါတယ်​...။

"ငါက..​ပြောလို့​ပြောတာမဟုတ်​ဘူး..
တစ်​ကယ်​​ချောတာ.."

အပြင်​ပြန်​ထွက်​ဖို့ ပြင်​ဆင်​ထားသည့်​ဒီဇိုင်းကို..
မှန်​ထဲလှမ်းကြည့်​လိုက်​​တော့...
ကိုယ်​ရှိန်​ကိုယ်​၀ါ​တွေပါထွက်​​နေသလိုလို..။
ဖုန်းရယ်​..ပိုက်​ဆံအိတ်​ရယ်​..ယူကာ
အမဲ​ရောင်​hoodieနဲ့..ဂျင်းအပြဲရယ်​ကို..
ဆင်​မြန်းပြီး..
မ​နေ့က​မှ အ​ရောင်​ဆိုးထားသည့်​ဆံပင်​ဖြူဖြူကို..
ဖွာဖွာ​လေးဖြစ်​​အောင်​ သလိုက်​ပြီး...
အားရ​ကျေနပ်​သည့်​အပြုံးကြီးကြီးပြုံးကာ..အခန်းပြင်​ပြန်​ထွက်​ခဲ့သည်​...။

SunflowerDonde viven las historias. Descúbrelo ahora