Zawgyi
ရုပ်ရည်ရူပကာ ချောမောလှပလွန်းတဲ့ အမျိုးကောင်းသားလေး ..
ဘွဲ့ဂုဏ်ထူးက အချေကောင်လေးရယ်လို့အမည်တွင်ပေမယ့်
သူ့နှလုံးသားကို တုန်လှုပ်နိုင်တဲ့ အမျိုးသားလေးနဲ့တွေ့ဆုံ ရတဲ့အခိုက်
ဘာကိုမှ တုန့်ဆိုင်းမနေတော့ပဲ
သူ့ဘေးနားလေးတစ်သက်လုံးခေါ်ထားခွင့်ကို တောင်းခံယူလေတယ်..~
အချစ်က အချေကောင်လေးကို မချေတတ်အောင်သင်ပေးခဲ့တယ်..~::::::: Sunflower ::::::::::
သာယာလွန်းတဲ့နေ့လည်ခင်းအခါသမယလေး..~
မိုးကောင်းကင်ကြီးလည်း ပကတိကြည်လင်နေပြီး
အဖြူရောင်တိမ်တိုက်လေးတွေက လေအလွင့်မှာဟိုဒီဝေ့၀ဲလို့ ရာသီဥတုသာယာနေသည်..။
ဓာတ်ပုံရိုက်ယူဖြစ်မယ်ဆိုရင် မိုးတိမ်တိုက်ပုံကောင်းလေးတစ်ပုံထွက်လာမှာ သေချာသည်..။ကမ္ဘာမြေပြင်ပေါ်မှာလဲ စိတ်မချမ်းမြေ့ဖွယ်မြင်ကွင်းမျိုးတစ်စုံတစ်ရာမရှိပဲ အရာအားလုံးက ပျော်ရွှင်ဖွယ်ရာအတိ..။
plaza အပေါ်ထပ်ပြတင်းပေါက်ကနေ
အောက်မှာ သွားလာလှုပ်ရှားနေသည့် လူတွေရယ် ကားတွေရယ် ပြီးတော့ ခပ်လှမ်းလှမ်းမှာ ချိတ်တွယ်ထားသည့်တိုင်ကပ်နာရီကြီးကိုကြည့်ပြီး Baek Hyun တစ်ချက်ပြုံးမိပြန်သည်..။အခုသူ့စိတ်ထဲမှာ ပျော်ရွှင်မှုတွေသာ ကြီးစိုးနေသည်..။
သေသေသပ်သပ်ပုံသွင်းထားသည့် ဆံနွယ်တွေရယ်..
အသေအချာရွေးချယ်ဝယ်ယူထားသည့် တန်ဖိုးမြင့်ရှူး
ိဖိနပ်တစ်စုံရယ်..
ပြီးတော့ Chan Yeollieစိတ်ကြိုက် မှာယူထားသည့် ၀တ်စုံဖြူဖြူရယ်...ထပ်ကွန့်ပြီးပြောရမယ်ဆိုရင် Chan Yeollieနဲ့ဆင်တူ ၀တ်ဆင်ထားသည့် အဖြူရောင်သတို့သားဝတ်စုံ..။
ပိုပြီးတိတိကျကျပြောရရင် ဒီနေ့က Baek Hyun နဲ့ Chan yeollie လက်ထပ်ကြမယ့် မင်္ဂလာနေ့ရက်လေး..။
