သုံးလောက ငြိမ်းချမ်းခြင်းတည်မြဲနေသည့်ကာလ
တည်ငြိမ်အေးချမ်းခြင်းတွေဟာ အတ္တနှင့်မနာလိုမှုတွေကို ပျားသကာကဲ့သို့ ချိုမြိန်စွာဖုံးအုပ်ထားခြင်းခံရသည်။ အခွင့်ကောင်းကို စောင့်ဆိုင်းနေသူတို့ရှိကြသလို လောကကြီးနှင့် အံ့ဝင်ခွင်ကျနိုင်ဖို့ ကြိုးစားရင်း ဆုံးရှုံးခဲ့ရသူများလည်း ရှိခဲ့သည်။
နျူး လို့အမည်ရတဲ့နတ်သူငယ်လေးဟာ မက်မွန်တောတနေရာကို ကျခဲ့တဲ့နှင်းပွင့်ချပ်မှ လူသားအသွင်ကိုရရှိခဲ့ပြီး သူ၏ဘဝအား အနှစ်ငါးရာအထိ ငြိမ်းချမ်းစွာ ဖြတ်သန်းခွင့်ရခဲ့သည်။
နှစ်လိုဖွယ်ကောင်းပြီး စူးစမ်းလိုစိတ်ရှိတဲ့သူအဖို့ ကံကြမ္မာရဲ့လှည့်စားခြင်းက အချစ်၊ အမုန်း ကိုခံစားစေခဲ့ခြင်းပေ။
" ယွင်းရန်............ ကျွန်တော်........ ခင်ဗျားကို......... ချစ်တယ်...."
တုန်ယင်ကာ ယိုင်နဲ့နေတဲ့ ကိုယ်ခန္တာကို အစွမ်းကုန်လှုပ်ရှားစေပြီးတဲ့နောက် ခပ်တိုးတိုးအသံလေးနှင့်အတူ နျူးသည် ကောင်းကင်ဘုံအစွန်းရှိ အသူရာချောက်နက်ထဲသို့ ခုန်ချခဲ့လေတော့သည်။
ဇာတ်ကောင်မိတ်ဆက်
နျူး
ဖုန်းချီယွမ် (Second Life)
YOU ARE READING
The Deal With A Demon King
Spiritualမိစ္ဆာဘုရင်တစ်ပါးနဲ့ တနှစ်တာ စာချုပ်ချုပ်ဆိုပြီးတဲ့နောက်မှာ သူ့ရဲ့ကံတရားက စတင်ပြောင်းလဲလာခဲ့တယ်။ ဒါမှမဟုတ် သူ့အတွက် ကံတရားကသတ်မှတ်ထားပြီးသားလား......