အခန်း (၇)
🍀 နောက်နေ့ မနက်
Saint တယောက် မနက်ခင်းမှာ အာရုံကြည်ကြည်လင်လင်နဲ့ နိုးထလာပါသည်
ရေမိုးချိုး ကျောင်းသွားရန်ပြင်ပြီး အောက်ထပ်ရှိ မားဆီသို့ ဆင်းလာခဲ့သည်
Saint: မားရေ သားယူသွားမှာလေးတွေ ရပြီလားဟင်
Nuk: ရပြီသားလေး ဒီမှာ သားအတွက် နွားနို့ပူပူလေးကို ဓာတ်ဘူးလေးထဲထည့်ထားတယ် နောက်ပြီ ပုစွန်ဆန်းဝှစ်လေးရယ် အချိုပွဲစားဖို့ ကျောက်ကျောလေးရယ် ထည့်ထားပေးတယ်
Saint: ဒါမှ သားရဲ့ မား
ရွှတ်
ပြောပြောဆိုဆို မားရဲ့ပါးကို လှမ်းနမ်းလိုက်သည်
Saint တယောက် အစားအစာထည့်ထားသော အိတ်ကလေးကို ယူပြီး အခန်းထဲ ပြန်လာခဲ့သည်
ပြ်ီးနောက် အသင့်ပြင်ထားသော အနက်ရောင် ကျားရုပ်လေးကို ဗူးလေးထဲ ထည့်ထားပြီး ထို ကျားလေး ရင်ခွင်ထဲတွင် iphone အနက်ရောင်လေး တလုံး ကို သပ်ရပ်စွာ ထည့်ပြီး ဗူးလေးအား ပြန်ပိတ်လိုက်ပြီး ဖဲကြိုး အနီလေးနှင့် စည်းလိုက်သည် ထို့နောက် အားလုံးကို စုပြီး စက္ကူအိတ် အနက်ရောင်ကြီးထဲ စီပြီး သေချာ ပေါင်းထည့်လိုက်သည်🍀 နံနက် (၉) နာရီ
ဒိနေ့တော့ Perth တယောက် Schedule မရှိသောကြောင့် ဝင်ခွင့်ရထားသော တက္ကသိုလ်ကို သွားကြည့်မည် စဉ်းစားပြီးပြင်ဆင်နေချိန်....
ဘာရယ်မဟုတ် Perth တယောက် ဒီနေ့အတွက် မက်ဆေ့မဝင်လာသေးတဲ့အတွက် စိတ်ထဲ တမျိုးတော့ ခံစားနေရသည်
Perth pov
ဒီနေ့ မက်ဆေ့မရောက်လာပါလား အင်း မအားလို့နေမှာပါလေ ငါက ဘာလို့မျှော်နေမိတာလဲ ဘာမှလည်း မဆိုင်ဘဲနဲ့
တင်းတောင်....
Perth တယောက် စဉ်းစားနေတုန်း အိမ်ရှေ့က လူခေါ်ခေါင်းလောင်းမြည်သံကြောင့် အခန်းထဲမှ ထွက်သွားခဲ့သည်
Perth: ဟုတ် ဘာကိစ္စလဲခဗျ
P1: ပစ္စည်းလေးလာပို့တာပါ လက်ခံလေး လက်မှတ်ထိုးပေးပါဗျ
Perth: ဟုတ်ကဲ့
စက္ကူအိတ် အနက်လေး မြင်ကတည်းက Red ဆီကမှန်း Perth ခန့်မှန်းမိလိုက်ပြီး ရင်တထိတ်ထိတ်နဲ့ အိတ်လေးကို လှမ်းယူပြီး အိမ်ထဲသို့ ပြန်ဝင်ခဲ့သည်
🍀 Perth တယောက် အိပ်ခန်းထဲရောက်တော့ အိတ်ကလေးကို ဖွင့်ကြည့်လိုက်ရာ ဓာတ်ဘူးအနက်လေးတလုံးထဲတွင် ပူပူနွေးနွေးနွားနို့လေးရယ် လှလှပပလေး စီထည့်ထားတဲ့ ဆန်းဝှစ်လေးတွေရယ် အနီရောင်ဖဲကြိုးလေးနှင့် ချည်ထားသော ဗူးအနက်လေးကို တွေ့လိုက်သည်
"Wish this love could be forever and our love will be forever ......."
ဗူးလေးထဲမှ ထွက်ပေါ်လာသော ဖုန်း ringtone သံကြောင့် Perth တယောက် လန့်သွားသည် အသံကြားနေရသည့် ဗူးလေးအား ဖွင့်ကြည့်လိုက်ရာ...
အထဲတွင် iphone အနက်ကလေးကို ပိုက်ထားသော အနက်ရောင် ကျားရုပ်လေး တကောင်ကို တွေ့လိုက်ရသည်