အပိုင်း (၂၂)
🍀မနက်ဖြန်ဆိုရင် saint မေမေ မွေးနေ့ကို ရောက်တော့မှာမို့ perth တယောက် ယောက်ယက်ခတ် ဗျာများနေပါသည် သူက လက်ဆောင်ကို saint လို ဖြောင့်အောင် စဉ်းစားတတ် ဝယ်တတ် သူ တယောက်မဟုတ်ပါ နောက်ဆုံး ကြံရာမရတော့သောကြောင့် perth တယောက် သူ့မားဆီသာ ဖုန်းဆက်လိုက်ပါတော့သည်...
တဖက်မှ မားရဲ့ ဟဲလို ထူးသံ ကြားကြားချင်းပင်....
Perth: မား စကားပြောလို့ရလားဟင် သား မေးစရာရှိလို့
Mae: အရေးတကြီးသံပေါက်နေပါလား သား perth ဘာဖြစ်လို့လဲ ပြောလေ
Perth: မား မနက်ဖြန် ကိုကို့မေမေရဲ့ မွေးနေ အာ့ သားပါ လိုက်သွားရမှာ ဒါပေမယ့် လက်ဆောင် ဘာယူသွားရမှန်း မသိဖြစ်နေလို့ မား သားကို ကူညီပါဦး
Mae: ဟယ် ဟုတ်လား သား မားမွေးနေ့တွေကြ ပေးနေတာပဲ အာ့မျိုးဝယ်ပေါ့
Perth: မားကကျ သားက အကြိုက်သိတယ်လေ ကိုကို့မေမေကျ ဘာကြိုက်မှန်း သားမသိတာ မဝယ်ရဲဘူးရယ်
Mae: သားရယ် ကိုယ့်အမေလို့ စဉ်းစားခံစားပြီး ဝယ်ကြည့်လိုက်ပါ မားတို့အရွယ်တွေက အကြိုက် အာ့လောက်မကွာဘူး အဓိကက တကယ့်စိတ်ရင်း စေတနာဖြစ်ဖို့ပဲ
Perth: ဟုတ် မား သားကြိုးစားကြည့်လိုက်ဦးမယ် မှားမှာ စိုးရိမ်နေတာ မားရဲ့
Mae: အဆင်ပြေမှာပါ သားရွေးကြည့်လေ အဆင်မပြေရင် မား ညနေ အလုပ်ကစောပြန်ပြီး သားကို ကူညီပါ့မယ်
Perth: ဟုတ်မား အာ့ဆို ဒါပဲနော် မား ကျေးဇူးတင်ပါတယ်
Mae: အိုကေပါ အဆင်ပြေပါစေ သား perth လေး
Perth: ဟုတ်
Perth တယောက် ဖုန်းချပြီး မားပြောသလိုပဲ ခံစားချက်သွင်းပြီး ဝယ်ဖို့စဉ်းစားလိုက်သည် saint အမေကို သူ့အမေလို့ စဉ်းစားမိ တာနှင့်တောင် perth တယောက် ရင်အရမ်းခုန်နေပါသည်🍀ဒီနေ့ saint ကတော့ ကျောင်းမှာ activity ပွဲရှိသောကြောင့် မနက် ၆ နာရီထဲက ကျောင်းထသွားတာမို့ perth ကိုမနှိုးတော့ဘဲ မက်ဆေ့လေးသာ ထားခဲ့လိုက်သည် မနက်ဖြန် မားမွေးနေ့ကို သွားရမှာကိုလည်း သတိရနေစေရန် စာပို့ထားသည် perth လေးက နဂိုကမှ မေ့တတ်သူမို့ သူက ဂရုစိုက်နေရသည်
"Baby မောနင်းပါနော် ကိုကို ခုနေ့ Activity ရှိလို့ ကျောင်းအစော သွားရတယ် မနက်စာ သေချာစားနော် နေ့လည်စာရောပဲ ခုနေ့လည်း ကျောင်းတတ်ရမှာမလား မနက်ဖြန် ကိုကို့မေမေ မွေးနေ့သွားရမယ်နော် တခြားဟာတွေ လျှောက်မချိန်းထားနဲ့နော် ညကျမှ တွေ့မယ်နော် baby"