အပိုင်း (၁၉) တွေ့ဆုံခွင့်

719 101 15
                                    

အပိုင်း (၁၉)

🍀ဒီနေ့ မနက်တော့ ကျောင်းပြန်ဖွင့်ပြီမို့ saint တယောက် အိပ်ယာမှ အစောထကာ perth အတွက်ရော မိမိအတွက်ပါ မနက်စာလေး ထပြင်နေမိသည်
Saint pov
ဒီနေ့တော့ baby အတွက် ဘာလေး ပြင်ပေးရင် ကောင်းမလဲ တော်သေးတယ် baby ကငါ့လို အစားမရွေးဘူး သြော် သတိရပြီ baby က မားရဲ့ ပုစွန်ဆန်ပြုတ်ကို ကြိုက်တာပဲ ငါလုပ်ကြည့်မယ် မားဆီက သင်ထားတာပဲ
စဉ်းစားရင်း အကြံရသွားပြီမို့ ရေခဲသေတ္တာကို ဖွင့်ပြီး လိုအပ်သော ပစ္စည်းများကို ထုတ်လိုက်သည်
Saint pov
အင်း baby ကို သွားနှိုးထားဦးမှပဲ ဖုန်းဘယ်နားရောက်နေပါလိမ့်
Perth ကို နှိုးထားရန် သတိရသွားသောကြောင့် saint အခန်းထဲ ပြန်ဝင်ကာ ဖုန်းလှမ်းခေါ်လိုက်သည်
Perth တယောက် အိပ်ပျော်နေတုန်း ဖုန်း Ringtone မြည်သံကြောင့် လန့်နိုးပြီး အိပ်ချင်မူးတူးဖြင့် ဖုန်းကို ထူးလိုက်သည်
Perth: ဟဲလို ကိုကို
Saint: အိပ်ပုပ်လေးရေ ထတော့ ခုနေ့ ကျောင်းလည်းတတ်ရမယ် ညနေလည်း schedule ရှိသေးတယ်မလား ရေမိုးချိုး ပြင်ဆင်ပြီး ရင် ကိုကို့ဆီလာခဲ့နော်
Perth: ဟုတ် ကိုကို
Perth ပြောပြောဆိုဆို ဖုန်းချပြီး ရေချိုးရန် ပြင်နေတုန်း မားဆီက ဖုန်းဝင်လာသောကြောင့် ဖုန်းလေးကိုင်လိုက်သည်
Perth: ဟဲလို မား ပြန်လာတော့မှာလား
Mae: ဒါပေါ့ သားလေး မား ခုညနေ ရောက်မယ် သားလေး ပွဲ ပြီးရင် လာခဲ့နော်
Perth: ဟုတ် မား သြော် ဒါနဲ့ မား သား မားနဲ့မိတ်ဆက်ပေးရမယ့် လူတယောက်ရှိတယ်
Mae: ဟုတ်လား ငါ့သားလေးက ထူးထူးဆန်းဆန်း မိတ်ဆက်ပေးမယ့် သူ ဆိုတော့ မားတော့ အံ့သြသွားပြီ ဒီလိုလုပ်လေ သားလေ ညနေ သားလာရင် တခါထဲ ခေါ်လာခဲ့ပေါ့ မားလည်း နားတုန်းလေးလေ
Perth: ဟုတ် မား ခေါ်ခဲ့မယ်နော် တခါထဲ
Mae: အိုကေ သားလေး ဒါဆို မား ဖုန်းချလိုက်တော့မယ်လေ
Perth: ဟုတ် မား
Perth တယောက် မားနှင့်ပြောပြီးနောက် ရေမိုးချိုးပြီး ကျောင်းသွား ရန်ပြင်ဆင်လိုက်သည် ညနေ ပွဲအတွက်ကတော့ သူရဲ့မန်နေဂျာများသာ စီစဉ်မှာကြောင့် ဘာမှသူပြင်စရာမလို နက်ကတိုင်ကတော့ ထုံးစံအတိုင်း လက်က ကိုင်ပြီး  လွယ်အိတ်နှင့် ကားသော့ကို ယူကာ saint အဆောင်ဘက် ကူးလိုက်သည်

🍀တီးတောင်.......တီးတောင်.....
အိမ်ရှေ့က လူခေါ်ခေါင်းလောင်းသံကြောင့် perth တယောက် ရောက်လာပြီဆိုတာ saint သိလိုက်သည် စားပွဲပေါ် စားစရာများ ပြင်ဆင်နေရာမှာ အိမ်ရှေ့သို့ ထွက်သွားပြီး တံခါးအား ဖွင့်ပေးလိုက်သည် တံခါးဝတွင် စတိုင်အပြည့်နှင့် ရပ်နေတာက perth......
Saint: ရောက်လာပြီလား baby လာအထဲဝင် မနက်စာ အဆင်သင့်ဖြစ်နေပြီ
Perth: ဟုတ်လား ကိုကို အာ့ဆို စားလို့ရပြီပေါ့
Saint: ဒါပေါ့ baby ရဲ့
Perth: ဒါဆိုရင်လည်း......
Perth တယောက် ပြောပြောဆိုဆို ရှေ့က သွားနေတဲ့ saint ကို နောက်ကနေ လှမ်းဖက်လိုက်ပြီး သူ့မျက်နှာဘက်သို့ saint ကိုယ်လုံးလေးကို လှည့်လိုက်သည်
Saint: ဘာလုပ်တာလဲ baby လွှတ်ပါ
Perth: မနက်စာ စားမလို့လေ ကိုကိုပဲ အဆင်သင့်ဆို ပြီးတော့ ကိုကိုက မွှေးကြိုင်နေတာကို
Saint: ဘာတွေပြောနေတာလဲ baby နော် ကိုကို ပြောတာ စားစရာ
Perth: ကိုကိုက baby အတွက်က စားစရာပဲလေ အချစ်အားဆေးလေ
ပြောပြောဆိုဆို saint ရဲ့ ပန်းနုရောင် နှုတ်ခမ်လေးကို အသာလေး နမ်းလိုက်ပါတော့သည်  saint လည်း perth အနမ်းအောက် သာယာသွားပြီး ပြန်ပြီး နမ်းနေမိသည် ခဏကြာမှာ သတိရပြီး perth ကို တွန်းထုတ်လိုက်ကာ.....
Saint: baby လူဆိုး လာ ကျောင်းနောက်ကျနေပြီ တော်တော့ ဆိုးတာတွေ
Perth: ဆိုးတာ မဟုတ်ဘူး ကိုကို ချစ်တာ ချစ်တာ  သိရဲ့လား
Saint: မသိဘူးနော် လာ baby အကြိုက် ပုစွန်ဆန်ပြုတ်ကို ကိုကို စမ်းပြုတ်ထားတာ မအေးခင် စားရအောင်နော်
Perth: အိုကေပါ ကိုကို အာ့ကြောင့် ကိုကို့ကို ချစ်တာ baby ရဲ့ အိမ်ရှင်မကြီး ကိုကို 😊
ပြောပြောဆိုဆိုနှင့်ပင် နှစ်ယောက်သား ထမင်းစားပွဲတွင် ထိုင်ပြီး မနက်စာ ဆက်စားနေလိုက်သည်

ချစ်ခြင်းတရားသာ မှန်ခဲ့လျှင် (Completed)Where stories live. Discover now