အခန်း (၁၀)
🍀ခုနေ့ဟာ ဆိုရင်ဖြင့် Perth ရဲ့ show ပွဲရက်လေးဖြစ်ပါသည်
ဒါကြောင့် မနက်ကတည်းက Perth တယောက် လစ်ဟာမှု့မရှိစေရန် သူ့ရဲ့မန်နေဂျာနှင့် တချိန်လုံး အလုပ်ရှုပ်နေရသောကြောင့် Saint ကိုလည်း သတိမရနိုင်ခဲ့ပါ🍀Saint တယောက် ရင်ခုန် စိတ်လှုပ်ရှားစွာ စောင့်နေသော Perth ရဲ့ show ပွဲနေ့လေးသို့ ရောက်ရှိလာပြီ ဖြစ်ပါသည် Title အကြောင်းဖန်ပြီး သူ ပွဲသို့ သွားရန် ဆုံးဖြတ်လိုက်သလို သူ့ baby ကို သူကိုယ်တိုင် လက်ဆောင်ပေးရန် ကြံစည်ထားပြီး ဖြစ်ပါသည် ခုနေ့တော့ Perth တယောက် အလုပ်ရှုပ်နေမှာ သေချာသောကြောင့် သူလည်း Perth ဆီ မက်ဆေ့လေးပဲ ပို့ထားလိုက်ပါသည်
"Baby Fighting နော် ခုနေ့ show လေး အဆင်ပြေချောမွေ့ပါစေကွာ baby အတွက် surprise လည်း မျှော်လင့်ထားနော် Good Luck baby ❤"🍀 Saint တယောက် အနက်ရောင် ဝမ်းဆက်ကို ကျကျနနဝတ်ပြီး အပေါ်ကနေမှ Gucci တံဆိပ်ကုတ်အနီလေးကို ထပ်ဝတ်လိုက်သည် သူ့ကိုယ်သူ မှန်ထဲလည်း ကြည့်ပြီး ကျေနပ်သွားသည် ပြီးတော့ အသင့်ဝယ်ထားသော အနီရောင် နဂါး ပုံစံ မျက်နှာဖုံးလေးကို ကောက်ယူလိုက်ပြီး Perth အတွက် လက်ဆောင်ပေးရန် စီစဉ်ထားသော စက္ကူအိတ်ကို လှမ်းကြည့်ပြီး သီချင်းလေး ညည်းနေတုန်း မှာပဲ
ဖုန်း Ringtone လေးမြည်လာသောကြောင့် လှမ်းကြည့်ရာ Plan ဖြစ်နေသည်
Plan: မင်း Title ပွဲလိုက်မှာနော် ငါတို့ လာခေါ်ရမလား
Saint: ပွဲရောက်မှ တွေ့ကြမယ်လေ ငါကိစ္စ တခုရှိသေးလို့
Plan: အိုကေ အိုကေ အာ့ဆို ဒါပဲလေ
Saint တယောက် ဖုန်းလေး ချလိုက်ပြီး Title အတွက် လက်ဆောင်အိတ်လေးနှင့် Perth အတွက်အိတ်လေးပါ ကောက်ကိုင်ပြီး အိမ်မှ ထွက်လာခဲ့သည်
🍀ကားထဲသို့ လက်ဆောင်အိတ်လေးတွေ သေချာလှမ်းထည့်ပြီး သူစီစဉ်ထားခိုင်းသော ကိစ္စ တခုအတွက် ဖုန်းလှမ်းဆက်လိုက်သည်
Saint: ကျွန်တော်ပြောခိုင်းထားတာ အဆင်ပြေရဲ့လား
P1: ဟုတ်ကဲ့ ပြေတယ်အကိုလေ သူတို့ဘက်က လိုက်လျောပေးတယ် ကြိုတော့ပေးရမယ်တဲ့
Saint: အိုကေ ခု ငါထွက်လာနေပြီ
P1:ဟုတ်ကဲ့ပါ အကိုလေး
Saint တယောက် ကားလေးကို ရင်ခုန်စွာနှင့် မောင်းလာသည် ဒီနေ့ Perth ပွဲလေးအတွက် သူ စီစဉ်ထားတာ Perth များမြင်ရင် ရင်ခုန်သွားမလား တွေးနေမိသည်
Saint pov
" Baby မင်းကို ကိုယ့်ရဲ့ surprise နဲ့အတူ တွဲမြင်ချင် နေပါပြီနော် မင်းမျက်နှာလေး ဘာဖြစ်သွားမလဲ သိပ်သိချင်နေပြီ"