အခန်း (၅)
ည (၉) နာရီမထိုးခင် ၁၅ မိနစ်အလို
🍀 Saint တယောက် လက်ချောင်းဖြူဖြူလှလှလေးများ နှင့် perth ဆီပို့ရန် စာလေးအား ကြိုတင်ရိုက်နေမိသည်
အချိန်တိကျသည်ကို ကြိုက်သော Saint တယောက် အချိန်မှန် စာပို့ခြင်းဖြင့် Perth တယောက် သူ့ဆီက စာကို မျှော်လင့်နေစေရန် အချစ်စစ်ဆင်ရေး တခုအနေနဲ့ လုပ်ဆောင်နေခြင်း ဖြစ်သည်"ကိုယ့်ရဲ့ ခလေးလေး တနေ့ကုန် ရူတင်တွေ သွားနေရတာ ပင်ပန်းနေပြီပေါ့ ဒီနေ့ မင်း အကျီအနက်လေးနဲ့ကုတ်အနီလေး ရယ် ဘောင်းဘီ အနက်ကလေးရယ်နဲ့က တအားလှနေသလို မင်းသီချင်းဆိုနေတဲ့ပုံက ကိုယ့်အတွက်တော့ အသက်ရှူရပ်စေတဲ့ မြင်ကွင်းတခုပါကွာ ဒါနဲ့ ကိုယ် နေ့လည်က ထမင်း ပုံမှန်စားဖို့ စာပို့ပေးခဲ့သားနဲ့ မင်းက ဘာလို့ ၂ နာရီလောက်မှ ဟမ်ဘာဂါလေးတခုနဲ့ အအေးလေးပဲ သောက်ရတာလဲ ခလေးရယ် တနေ့လုံး အာ့လေးပဲစားရင် မင်းရောဂါဖြစ်မှာ ကိုယ်စိုးရိမ်မိတယ် ကိုယ်ပို့လိုက်တဲ့ ပန်းပွင့်လေးတွေ မင်း ရေမိရဲ့လားဟင် ကိုယ်ပြောချင်တဲ့ အဓိပ္ပါယ်ကို မင်းသိပါစေကွာ ကိုယ်ပေးတဲ့ လက်ဆောင်လေးလည်း မင်းကြိုက်ဖို့ မျှော်လင့်မိတယ် ညနက်အောင် မနေရဘူးနော် ကိုယ့်ခလေးက လိမ္မာပါတယ်ကွာ
ကိုယ့်ရဲ့ ရင်ခုန်သံ မျက်ဝန်း ပိုင်ရှင်လေး goodnight ပါနော်🖤"Saint တယောက် စာလေး ရိုက်နေရင်းတောင် သူ့ဘေးနားမှာ Perth ရှိနေသလို ခံစားမြင်ယောင်ပြီး ခလေးအတွက် တကယ်စိတ်ပူပြီး ဂရုတစိုက်ပြုစုပေးချင်လာမိတာ အမှန်ပင်.......
🍀ည (၉) နာရီ
Perth တယောက် တနေကုန် ရူတင်နဲ့ event ကြား အလုပ်တွေရှုပ်လာသောကြောင့် ရေမိုးချိုးပြီး အိပ်ယာပေါ် ခဏ လှဲပြီး အနားယူနေစဉ်
...တီတီ
...တောင်
Perth pov
သြော် ဘယ်နှယ့် မက်ဆေ့ကလည်း တပြိုင်နက်ထဲပါလား ဘယ်သူပါလိမ့်
ဟင် မနေ့က လူပါပဲလား အယ် နေ့လည်ကလည်း ပို့ထားတာပဲ ဘာတွေပို့လိုက်ပါလိမ့် ဖတ်ကြည့်ဦးမှပဲ🍀Perth တယောက် စာတွေဖတ်ပြီး မျက်လုံးလေး ပြူးသွားသည် သူ့ပုံတွေ သူ့အဝတ်အစားတွေက မီဒီယာများကြောင့် သိနိုင်သော်လည်း မနက်ကတည်းက ဘာမှမစားဘဲ နေ့လည် ၂ နာရီမှ သူစားထားတာကတော့ သူ့ဘေးနားက မန်နေဂျာတောင် သေချာ မသိခဲ့ပါ
Perth pov
သူ ငါ့ကို စောင့်ကြည့်နေတာများလား ထူးတော့ထူးဆန်တယ် Fan လို့ပြောရအောင်လည်း အာ့ထက်သာလွန်နေတယ် အပြုအမူတွေက ပြီးတော့ ပန်းပွင့်အရေအတွက်တဲ့ ဘာပါလိမ့် ရေကြည့်ဦးမှပဲ
တွေးရင်း စဉ်းစားရင်းနဲ့ပဲ မျက်လုံးက မနက်က ရထားသော ပန်းစည်းနှင့် လက်ဆောင်များဆီလှမ်းကြည့်ရင်း စာကြည့်စားပွဲနား ထသွားလိုက်သည်...