အခန်း (၁၂) ချစ်ခြင်းတရားတွေ ဆုံဆည်ရာဝယ်

846 96 28
                                    

အခန်း (၁၂)

🍀Saint တယောက် Perth အိမ်မှ ထွက်သွားသည်ကို စောင့်ကြည့်ပြီးမှ Perth နောက်က လိုက်ထွက်လာခဲ့သည်
Perth တယောက် စားသောက်ဆိုင်သို့ ရောက်သွားသောအခါ reception တွင် နာမည်လေးပြောလိုက်ရာ VIP အခန်းလေး တခုသို့ ဧည့်ကြို ကောင်မလေးမှ လိုက်ပို့ပေးသည်

Girl: အကို ဒီအခန်းပါရှင့်
Perth: ဟုတ်ကဲ့ ကျေးဇူးပါနော်
Perth တယောက် အခန်းတံခါးကို တွန်းဖွင့်ပြီး ဝင်လိုက်ရာ
"Welcome Baby Perth" ဆိုသော စာတန်ကြီး ချိတ်ဆွဲထား သည့်အပြင် အနီနှင့် အနက်ရောင် ဘောလုံးများအား လှပစွာ အလှဆင်ထားသည်ကို တွေ့လိုက်သည်....

Perth တယောက် စိတ်ထဲတွင် ကြည်နူးလာပြီး ပျော်ရွှင်မိသွားသည် ဒီလိုရင်ခုန်စရာကောင်းအောင် လုပ်ပြီး ကြိုဆိုမည်ဟု သူလုံးဝကိုမတွေးထားခဲ့တာ အမှန်ပါ
အခန်းထဲသို့ လျှောက်လှမ်းဝင်လာရာ လမ်းတလျှောက် ခင်းကျင်းထားသည့် သူ့ရဲ့ snap ပုံ ဗီနိုင်းလေးတွေက အရမ်းကို ro ဆန်ဆန် လှပနေပါသည်

အခန်းထဲတွင် ခုံနှစ်လုံးသာ ပြင်ဆင်ထာပြီး တခုံက အနီရောင်ဖဲဖြင့် အလှဆင်ထားတာ နောက်တခုံကိုတော့ အနက်ရောင် ဖဲ ဖြင့် အလှဆင်ထားလေသည် ဒါကြောင့် Perth က အနက်ရောင် အလှဆင်ထားသော ခုံလေးတွင် ထိုင်စောင့်နေလိုက်သည်

🍀 Saint လည်း ချိန်းထားသည့်နေရာသို့ ရောက်ရှိလာပြီ ဖြစ်ပြီး အရမ်းလည်း ရင်တွေခုန်နေပါသည် Perth တယောက် သူ့အပေါ် ဘယ်လို ပြုမူမလဲ သိချင်နေပြီ ဖြစ်ပါသည်
အခန်းရှေ့ရောက်သော် အသက်ကို ဝအောင်ရှူလိုက်ပြီး တံကိုခါး တွန်းဖွင့်လိုက်သည်

ကျွီ......

တခါးဖွင့်သံကြောင့် Perth တယောက် အခန်းတံခါးဆီ လှမ်းကြည့်လိုက်သော အခါ.........
အနီရောင်ရှပ်အကျီလေးကို ကြယ်သီးနှစ်လုံးဖြုတ်ဝတ်ဆင်ထားပြီး စတိုင်ဘောင်းဘီအနက်လေးနဲ့ လူတယောက် ရှပ်လေးပေါ်မှာ ထပ်ဝတ်ထားတာ အနက်ရောင် သားရေ ဂျာကင်လေး လည်ပင်းမှာ ပလင်တီနမ် ဆွဲကြိုးလေးကို S ဆိုသော ဆွဲသီးလေးနှင့် တွဲဖက်ဝတ်ဆင်ထားသည်.....
Perth တယောက် မျက်နှာကို ဆက်ကြည့်လိုက်ရာဆံပင်လေးတွေကို ကော်ဖီရောင်လေးဆိုးထားတာ ဖြူဥပြီး ဝင်းဝါစိုပြည်နေသော အသားအရည်လေးနှင့် အလွန်ပနံတင့်နေပေသည် ပြီးတော့ မျက်ခုံးနက်နက်လေးများ အာ့အောက်မှာမှ ပြုံးနေသယောင် လှပနေသော မျက်ဝန်းနက်နက်လေး နှာတံလေးတွေကလည်းစင်းနေကာ ပါးလေးတွေက ပန်းသွေးပြေးနေသည် နှုတ်ခမ်းဖူးဖူးလေး ကလည်း ပန်းရောင်ထနေသည်မှာ တကယ့်ကို မိနိးမချော ချောပြီး အရမ်းကို စမတ်ကျစွာ သူ့ဆီ လှမ်းလျှောက်လာတဲ့ ကောင်ချောလေး တယောက်

ချစ်ခြင်းတရားသာ မှန်ခဲ့လျှင် (Completed)Where stories live. Discover now