အခန်း (၈)
🍀Perth တယောက် ကန်တင်းမှာ စားသောက်ပြီး နောက် သူ့ကားလေးဆီ လမ်းပြန်လျှောက်သွားပြီး ကားကို မောင်းထွက်လာကာ အနီရောင် ကားရပ်ထားရာ နေရာဘေးသို့ ကားကို ထပ်ပါကင်ထိုးလိုက်ပြီး ကားလေးကိုလှမ်း စပ်စုလိုက်သည်
အနီရောင်ကားလေးရဲ့ နောက်ကြည့်မှန်မှာ အလှချိတ်ဆွဲထားတာက နဂါးနီရုပ်လှလှလေး ကားအတွင်းပိုင်း တခုလုံးလဲ အနီရောင်နှင့်အနက်ရောင်ကို လှပသပ်ရပ်စွာ အလှည့်ကျ ဆင်ထားသည်ကို လှမ်းတွေ့လိုက်ရသည် ကားနံပါတ်လေးကလည်း 1720....
Perth pov
ကားနံပါတ်က ငါ့ဆီရောက်တဲ့ နှင်းဆီပန်း အရေအတွက်လိုမျိုး တူနေပါလား Red ကားများလား အထဲမှာလည်း အနီရောင်နဲ့အနက်တွေချည်းပဲ အင်း တိုက်ဆိုင်တာနေမှာပါ ပြန်တာပဲကောင်းပါတယ်လေ ကျောင်းထဲလည်း အတော်နှံ့နေပြီ ဆရာတွေလည်း နှုတ်ဆက်ပြီးပြီဆိုတော့ ပြန်ပြီး နားတော့မယ်🍀Perth တယောက် ကားလေးသာ ပြန်မောင်းထွက်လာခြင်း ဖြစ်သော်လည်း အနီရောင်ကားလေးကို Red ရဲ့ကားဟု စိတ်ထင်နေမိတုန်းပင် ဖြစ်သည်
🍀Saint တယောက် ကားအဖြူလေးသာ ကျောင်းကို စီးတတ်သော်လည်း ဒီနေ့ Perth ကျောင်းလာမည် ဆိုတာသိထားသောကြောင့် ကားအနီလေးကို သပ်သပ်စီးလာသည့်အပြင် လျှောက်ပြန်သံပေး လုပ်နေတာ ဖြစ်သည် သက်သက်ပင် အနီနှင့်အနက်ကိုသာ လိုရမည်ရ အစကတည်းက ရွေးပြီးလည်း ကားအတွင်းပိုင်းသို့ ဆင်ထားခြင်းဖြစ်သည် ကားနံပါတ်ကတော့ ထူးဆန်းစွာ တိုက်ဆိုင်နေတာပဲ ဖြစ်ပါသည် သူ ကလိခဲ့သောကြောင့် Perth တယောက် သူ့ကားကို လာစပ်စုလိမ့်မည်ဟုလည်း တွေးထားပြီးသာ ဖြစ်သည်
ထပ်ပြီး ကောင်လေးကို ကလိချင်သောကြောင့် ဖုန်းလေးကို မက်ဆေ့ပို့လိုက်သည်
" ခလေး ကားနီလေးကို ကိုယ့်ကားလို့မှတ်ပြီး အသေအချာ ကြည့်ပြီးရဲ့လား ကျောင်းတော်ကြီးကနေ မင်းကျောင်းတတ်လာမယ့် အချိန်ကို စောင့်နေပါတယ်နော် 🖤"🍀တီတီ
Perth တယောက် Saint ပေးထားသော ဖုန်းလေးမှ မက်ဆေ့သံကြောင့် လှမ်းကြည့်လိုက်သော်လည်း ကားမောင်းနေရင်းမို့ မဖတ်လိုက်ပါ.....
Perth pov
ဟိုလူ မက်ဆေ့ပို့ပြန်ပြီ ထင်တယ် အိမ်ရောက်မှပဲ ကြည့်တော့မယ်
Perth တယောက် အိမ်ပြန်ရောက်ပြီး အိပ်ယာပေါ်လှဲနေရင်း Saint ပို့သော မက်ဆေ့ကို သတိရပြီး ဖတ်ကြည့်လိုက်သည်
Perth pov
ဟင် ဒီလူ ငါ့နောက်အရိပ်လို ရှိနေပါလား Fan ထက်တောင် ပိုနေပြီမို့ ငါစိတ်တောင် ဝင်စားလာပြီ ယောကျာ်းအချင်းချင်းကို ဘာသဘောလဲ မသိဘူး ငါက ဂေးမှ မဟုတ်တာ သူက ဂေးများလား ငါတည့်မေးလိုက်ရမလား မကောင်းပါဘူးလေ အချိန်တန် သူ ရပ်သွားမှာပါ
(ထင်လား သား ဆုတောင်းလေကွာ)