အခန်း (၉)
🍀 Perth တယောက် ခုနေ့ မဂ္ဂဇင်း cover နှင့် photo shooting ရိုက်ရမည်ဖြစ်သောကြောင့် စတူဒီယို သွားရန် မနက်အစော နိုးထလာသည် ရူတင်ရောက်မှ မိတ်ကပ်ဆရာက ပြင်ဆင်ပေးပြီး အဝတ်အစား ဒီဇိုင်နာက ဆင်ပေးမည့် အထည်သာ ဝတ်ရမှာမို့ Perth တယောက် အိမ်ကနေ ပေါ့ပေါ့ပါးပါး ပင် ထွက်လာသည် ထုံးစံအတိုင်း ငပျင်းလေးမို့ မနက်စာ မစားနိုင်ဘဲ ရူတင်ရောက်မှပဲ စားမည်ဟု စဉ်းစားကာ ထွက်လာခဲ့သည်....
(အဟင်း ငါသိတယ်နော် Saint ပို့တာကို စောင့်နေတယ်ဆိုတာ)🍀 Saint တယောက် ခုနေ့ အစောကြီးထလာပြီး မားကို ကပ်ချွဲနေသည် နောက်အပတ် သူ Perth ရှိရာ ကွန်ဒိုကို ပြောင်းနေတော့မည် ပြောရင်း ပူဆာနေသည်က ပုစွန်ဆန်ပြုတ် ပြုတ်နည်းပါ
(ငါ ပုစွန်တွေ အခွံနွှာချင်လာပြီ ဟိဟိ)Nuk: သား saint ကလည်း မား လာလုပ်ပေးမှာပေါ့ တခြားဟာလည်း သားလုပ်တတ်တာပဲကို ဒီပုစွန်ဆန်ပြုတ်ကို အသည်းအသန်နော် တခုခုပဲ မရိုးသားဘူး
Saint: သားက မားလက်ရာ မမှီလို့ မားဆီ သေချာသင်တာပေါ့ မားရဲ့ ဟိုမှာကျ တယောက်ထဲလေ သားက ဂျီးများတော့ စစချင်းတော့ စိတ်ကြိုက်မတွေ့မချင်း ချက်စားမလားလို့ပါ မားရဲ့
(နင် Perth ကိုချက်ကျွေးမှာ ငါ မသိချင်ယောင်ဆောင်လိုက်မယ်)
Nuk: ဟုတ်ပါပြီနော် ခုနေ့ ထည့်ပေးဖို့လုပ်ရင်း တခါထဲ ပြလိုက်မယ် ငါ့သားလေးကို
Saint: ဟုတ် မား🍀 Saint တယောက် မား အကူအညီဖြင့် ပုစွန်ဆန်ပြုတ်လေး ချက်ပြိးသွားပြီမို့ ဓာတ်ဗူး လေးထဲ ထည့်လိုက်သည် ခုနေ့ Perth ကလေးက မနက် ၇ နာရီလောက်ကတည်းက စတူဒီယို သွားမှာ သူသိထားသောကြောင့် စတူဒီယို လိုက်ပို့ရန် သူကြံစည်ထားပြီးသား ဖြစ်သည် တကယ့် လူတော်ဖြစ်သော သူ့လူများကြောင့်လည်း သူ့ idol လေးနှင့် ပတ်သက်ရသမျှကို သူအချိန်မလပ် သိနေရပေသည်
နေ့ခင်း Perth က ရူတင်က ကျွေးတာ စားတာ ဖြစ်နိုင်သော်လည်း Saint ကတော့ စိတ်မချနိုင်ပါ ဒါကြောင့် အိမ်က ချက်ထားသော ပင်လယ်စာ တုံယမ်းဟင်းရည်လေးရယ် ကြက်သား ခြောက်စပ်ကြော်လေးရယ်ကို ထမင်းဘူးလေးထဲ ထည့်လိုက်သည် အချိုတည်းနိုင်ရန် ပန်းသီးလေးကို အသည်းပုံလေးတွေစိတ်ပြီး ဘူးလေးထဲ စီထည့်လိုက်သလို လိမ္မော်သီးလေးတွေ အခွံနွှာ ပြီး အမွှာလေးတွေဖဲ့ကာ စီထည့်လိုက်သည် အားလုံး စီစဉ်ပြီးသည့်နောက် ပစ္စည်းလေးတွေ အားလုံးကို စက္ကူအိတ် အနက်ကြီးထဲ သပ်သပ်ရပ်ရပ် စီထည့်လိုက်သည် ထို့နောက် အပေါ်တွင် ပန်းကန်ပြား လှလှလေး တချပ် ပန်းကန်လုံးလေး တလုံးနှင့် ဇွန်းလေး ထည့်ထားသော အိတ်လေး အပေါ်က တင်လိုက်သည်
🍀 အားလုံး ပြင်ဆင်ပြီးသွားပြီမို့ ကားပေါ် ယင်းပစ္စည်းများကို တင်လိုက်သည် ဒီနေ့ Perth ကိုပေးမယ့် လက်ဆောင်ဗူးအိတ်လေးပါ ကားထဲ ထည့်လိုက်ပြီး စတူဒီယို ရှိရာသို့ ကားလေး မောင်းထွက်လာခဲ့သည် သူ့လူကိုလည်း Perth ဆီ သွားပေးရန် စတူဒီယိုနား စောင့်ခိုင်းထားပြီးသား ဖြစ်သည်
![](https://img.wattpad.com/cover/195750001-288-k475564.jpg)
YOU ARE READING
ချစ်ခြင်းတရားသာ မှန်ခဲ့လျှင် (Completed)
Любовные романыIdol နှင့် Fan ဇာတ်လမ်းလေးပါ 😍